China
တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုအဖွဲ့မှ အဓိကအဖွဲ့ဝင် ၂၁ ဦးအား တရားစွဲ

ကွမ်ကျိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လှုပ်ရှားလုပ်ကိုင်နေသော ဆက်သွယ်ရေးလိမ်လည်မှုအဖွဲ့တစ်ဖွဲ့၏ အဓိကအဖွဲ့ဝင် ၂၁ ဦးကို လိမ်လည်မှု၊ ကာစီနိုဝိုင်းများဖွင့်လှစ်လုပ်ကိုင်မှု၊ ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အဓိကအားဖြင့် တရုတ်နိုင်ငံရှိ အရပ်သားများအား ပစ်မှတ်ထားသော ရာဇဝတ်မှုများအတွက် တရုတ်နိုင်ငံဥပဒေအရ တရားစွဲဆိုလိုက်ကြောင်း သိရသည်။
အဆိုပါ ရာဇဝတ်အဖွဲ့သည် တရုတ်နိုင်ငံသား ၆ ဦးအား အသက်သေဆုံးသည်အထိ လုပ်ဆောင်မှုများ၌ ပါဝင်ပတ်သက်ကြောင်း သံသယရှိသူများဖြစ်သည်ဟု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သိရသည်။ ထို့ပြင် တရားမဝင် ရန်ပုံငွေ ယွမ် ၁၀.၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလီယံခန့်) ရှိသော ဆက်သွယ်ရေးလိမ်လည်မှု ၃၁,၀၀၀ ကျော်နှင့် ဆက်စပ်မှုရှိကြောင်းကိုလည်း စစ်ဆေးတွေ့ရှိထားသည်။
၎င်းအဖွဲ့သည် မူးယစ်ဆေးဝါး ၁၁ တန်ခန့် ထုတ်လုပ်မှုနှင့် တရားမဝင်ကုန်ကူးမှုတွင်လည်း ပါဝင်ပတ်သက်မှုရှိကြောင်း စစ်ဆေးတွေ့ရှိထားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China prosecutes 21 key members of telecom fraud crime group in northern Myanmar
GUANGZHOU, July 11 (Xinhua) — In accordance with Chinese laws, China has indicted 21 key members of a telecom fraud crime group operating in northern Myanmar on various charges including fraud, operating casinos, intentional homicide, drug manufacturing, and other offenses mainly targeting civilians in China.
According to China’s public security authorities, the criminal group is suspected of involvement in activities that led to the deaths of six Chinese citizens. It is found to be linked to over 31,000 telecom fraud cases, with illicit funds exceeding 10.6 billion yuan (around 1.48 billion U.S. dollars).
The group is also found to have been involved in the production and trafficking of approximately 11 tonnes of drugs.