China
တရုတ်နိုင်ငံ သမ္မတ ရှီက ခီရီဘာတီနိုင်ငံ၏ ၄၆ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ခီရီဘာတီနိုင်ငံ၏ ၄၆ နှစ်မြောက် လွတ်လပ်ရေးနေ့နှစ်ပတ်လည် အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ခီရီဘာတီနိုင်ငံ သမ္မတ Taneti Maamau ထံ ဇူလိုင် ၁၂ ရက်၌ ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ခီရီဘာတီနိုင်ငံကြား ဆက်ဆံရေးသည် ၂၀၁၉ ခုနှစ်က သံတမန်ဆက်ဆံရေး ပြန်လည်စတင်ချိန်မှစ၍ တိုးတက်လျက်ရှိကာ အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း သမ္မတက ရှီက သဝဏ်လွှာ၌ ပြောကြားခဲ့သည်။
ရှီက ၎င်းအနေဖြင့် တရုတ်-ခီရီဘာတီ ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း၊ အဆွေတော်သမ္မတ Maamau နှင့်အတူ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု နက်ရှိုင်းရေး၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေး ခိုင်မာအားကောင်းရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုမြင့်မားသော အဆင့်များဆီသို့ ဆက်လက်မြှင့်တင်ရေး အတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)
………………………….
(English Version)
Xi congratulates Kiribati on 46th anniversary of independence
BEIJING, July 12 (Xinhua) — Chinese President Xi Jinping on Saturday sent a congratulatory message to Kiribati’s President Taneti Maamau on the 46th anniversary of the country’s independence.
In his message, Xi said that China-Kiribati relations have flourished and yielded fruitful results since the resumption of diplomatic ties in 2019.
Xi added that he attaches great importance to China-Kiribati relations and is ready to work with Maamau to deepen political mutual trust, expand practical cooperation, strengthen people-to-people ties, and continue to elevate bilateral relations to higher levels.
Photo: Chinese President Xi Jinping holds a welcome ceremony for Kiribati’s President Taneti Mamau before their talks at the Great Hall of the People in Beijing, capital of China, Jan. 6, 2020. (Xinhua/Ding Haitao)