Business
၂၀၂၅ ခုနှစ် ပထမ ၆ လတာကာလအတွင်း တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေ ယွမ် ၂၉ ဘီလီယံထိ ရှိ

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပထမ ခြောက်လတာကာလအတွင်း တရုတ်နိုင်ငံ၏ ရုပ်ရှင်ဈေးကွက်သည် တိုးတက်ခိုင်မာမှုရှိပြီး စုစုပေါင်း ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေမှာ ယွမ် ၂၉.၂၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၀၉ ဘီလီယံခန့်) ကျော်လွန်ခဲ့ကာ၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂.၉၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်းတွင် ရုပ်ရှင်ကြည့်ပရိသတ်ဦးရေမှာလည်း ၆၄၁ သန်းအထိ တိုးလာခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၆.၈၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားရုပ်ရှင်အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁ ရက် တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ပြည်တွင်းထုတ် ရုပ်ရှင်များသည် စုစုပေါင်း ဝင်ငွေ၏ ၉၁.၂ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ဈေးကွက်တွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနေကြောင်း အချက်အလက်များက ဖော်ပြသည်။
၂၀၂၅ ခုနှစ်တွင် တရုတ်ပြည်မကြီး၌ ဝင်ငွေ ယွမ် ၁၅.၄၅ ဘီလီယံ အထိ ရရှိခဲ့သော ပြည်တွင်းရုပ်ရှင်ကားကြီး “Ne Zha 2” သည် တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ်ရောင်းအား ဇယားတွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေပြီး တရုတ်နိုင်ငံတွင် ယနေ့အထိ ကြည့်ရှုသူအများဆုံးနှင့် ဝင်ငွေအများဆုံးရရှိခဲ့သည့် ရုပ်ရှင်ကား ဖြစ်လာခဲ့သည်။ (Xinhua)
………………
(English Version)
China’s box office revenue hits 29 bln yuan in first half of 2025
BEIJING, July 1 (Xinhua)
BEIJING, July 1 (Xinhua) — China’s film market maintained strong growth in the first half of 2025, with total box office revenue exceeding 29.23 billion yuan (about 4.09 billion U.S. dollars), a 22.91 percent year-on-year increase, official data shows.
During the same period, the number of moviegoers increased to 641 million, a 16.89 percent rise from the previous year, according to the data released by the National Film Administration on Tuesday.
Domestic films accounted for 91.2 percent of the total earnings, playing an increasingly important role in the world’s largest film market, data shows.
“Ne Zha 2,” a domestic blockbuster that has amassed 15.45 billion yuan on the Chinese mainland in 2025, tops the Chinese box office chart as the most-watched and highest-grossing film ever in China.