China
တရုတ်နိုင်ငံရှိ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းကြီးများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဇွန်လတွင် ၁.၇ ရာခိုင်နှုန်း တိုးတက်

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အဓိက လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကြီးများ၏ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ယခင်နှစ်ကာလတူထက် ၁.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဇူလိုင် ၁၅ ရက်တွင် ဖော်ပြခဲ့သော တရားဝင်အချက်အလက်များအရ သိရသည်။
အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ ထုတ်ပြန်ချက်အရ အဆိုပါလုပ်ငန်းကြီးများ၏ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ဇွန်လတွင် ကီလိုဝပ်နာရီပေါင်း ၇၉၆.၃ ဘီလီယံသို့ ရောက်ရှိခဲ့သည်။
အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ယခင်နှစ်ကာလတူထက် ၁၈.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ၁၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တွေ့ရသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် လေအားလျှပ်စစ် ထုတ်လုပ်မှုအနေဖြင့် ယခင်နှစ်ကာလတူထက် ၁.၁ ရာခိုင်နှုန်းနှင့် ၃.၂ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း NBS ၏ အချက်အလက်များက အတည်ပြုဖော်ပြထားသည်။
ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာမူ ဇွန်လတွင် ယခင်နှစ်ကာလတူထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း NBS ၏ အချက်အလက်များက ဖော်ပြသည်။ (Xinhua)
……………………..
(English Version)
Power generation by China’s major enterprises up 1.7 pct in June
BEIJING, July 15 (Xinhua) — Power generation by China’s major electricity production enterprises increased 1.7 percent year on year in June 2025, official data showed Tuesday.
Total power output of these firms reached 796.3 billion kilowatt-hours last month, according to the National Bureau of Statistics (NBS).
A breakdown of the data revealed that solar power output had soared 18.3 percent year on year, while that of nuclear power had expanded by 10.3 percent.
The output of thermal power and wind power increased 1.1 percent and 3.2 percent, respectively, year on year, NBS data confirmed.
In contrast, hydropower output shrank 4 percent year on year in June, the NBS data showed.
English Caption
Aerial panoramic photo combined on May 29, 2022 shows a view of the Baihetan hydropower station in southwest China’s Yunnan Province. (Xinhua/Hu Chao)