Connect with us

China

တရုတ်နိုင်ငံ၏ ပထမနှစ်ဝက် ဂျီဒီပီပမာဏမှာ ယမန်နှစ်ကာလတူထက် ၅.၃ ရာခိုင်နှုန်း တိုးတက်လာ

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) မှာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူထက် ၅.၃ ရာခိုင်နှုန်း တိုးတက်လာသည်ဟု အမျိုးသား စာရင်းအင်းဗျူရို (NBS) က ဇူလိုင် ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံ၏ ဂျီဒီပီပမာဏမှာ ပထမနှစ်ဝက်တွင် ယွမ် ၆၆.၀၅ ထရီလီယံဝန်းကျင် (အမေရိကန်ဒေါ်လာ ၉.၂၄ ထရီလီယံခန့်) ရှိခဲ့သည်ဟု NBS က ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏ ဂျီဒီပီပမာဏမှာ ဒုတိယသုံးလပတ်ကာလတွင် ယမန်နှစ်ကာလတူထက် ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု NBS ထံမှ သိရသည်။
ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍမှာ ပထမနှစ်ဝက်၌ ယမန်နှစ်ကာလတူထက် ၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တိုးတက်မှုနှုန်း ၃.၇ ရာခိုင်နှုန်းရှိခဲ့သည့် ကုန်ကြမ်းထုတ်လုပ်မှုကဏ္ဍနှင့် တိုးတက်မှုနှုန်း ၅.၃ ရာခိုင်နှုန်းရှိခဲ့သည့် စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍတို့ထက် သာလွန်ခဲ့ကြောင်း သိရသည်။
သုံးလပတ်အလိုက် အခြေခံတွက်ချက်ပါက တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ဒုတိယသုံးလပတ်၌ ၁.၁ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်ဟု NBS ထံမှ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်ဆန်းပိုင်းမှစ၍ ပိုမိုထိရောက်သော မက်ခရိုစီးပွားရေးမူဝါဒ ဖော်ဆောင်မှုကို အရှိန်အဟုန်မြှင့်တင်ခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ဖိအားများရှိလင့်ကစား တည်တည်ငြိမ်ငြိမ် တိုးတက်လျက်ရှိကာ အရေးပါသော စီးပွားရေးညွှန်းကိန်းများမှာလည်း မျှော်မှန်းထားသည်ထက်ပင် ပိုမိုကျေနပ်စရာကောင်းသည်ဟု NBS လက်ထောက်အကြီးအကဲ Sheng Laiyun က ဇူလိုင် ၁၅ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု ပမာဏမှာ ယခုနှစ် ပထမခြောက်လအတွင်း ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး လုပ်ငန်းသုံးစက်ပစ္စည်း ထုတ်လုပ်မှုနှင့် နည်းပညာမြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတို့သည်လည်း လျင်လျင်မြန်မြန် တိုးတက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း စားသုံးသူဈေးကွက်မှာ အတက်လားရာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ပထမနှစ်ဝက်အတွင်း လူသုံးကုန်ပစ္စည်း လက်လီရောင်းအားမှာလည်း ယခင်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းသည် ပထမသုံးလပတ်တွင် ဖြစ်ပေါ်ခဲ့သည့် တိုးတက်မှုအရှိန်နှုန်းထက် ၀.၄ ရာခိုင်နှုန်း ပိုမိုမြန်ဆန်နေကြောင်း သိရသည်။
မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုမှာလည်း ပထမ ခြောက်လအတွင်း ဆက်လက်တိုးတက်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သလို အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
အလုပ်အကိုင် ဈေးကွက်မှာမူ ယေဘုယျအားဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်ပြီး ပထမနှစ်ဝက်၌ စစ်တမ်းကောက်ယူထားသော မြို့ပြ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းမှာ ပျမ်းမျှအားဖြင့် ၅.၂ ရာခိုင်နှုန်းရှိကာ ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
စဉ်ဆက်မပြတ် တိုးတက်မှု၊ ဘက်ပေါင်းစုံ တည်ငြိမ်မှုအပေါ် အခြေခံသည့် အပေါင်းလက္ခဏာဆောင်သော လားရာတို့ကြောင့် ပထမနှစ်ဝက် စီးပွားရေးအခြေအနေမှာ များစွာအရေးပါသည်ဟု ယင်းနှင့်စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုရာတွင် Sheng က ထည့်သွင်းပြောကြားခဲ့သည်။
“ဒုတိယသုံးလပတ်ကစပြီး နိုင်ငံတကာ ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ သိသိသာသာဖြစ်ပေါ်ခဲ့ပြီး ပြင်ပဖိအားတွေ မြင့်တက်လာတာကို ထောက်ရှုမယ်ဆိုရင် ဒါက ကျားကုတ်ကျားခဲ ရယူခဲ့ရတဲ့ အောင်မြင်မှုပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)


……………………
(English Version)
China’s GDP expands 5.3 pct year on year in H1
BEIJING, July 15 (Xinhua) — China’s gross domestic product (GDP) grew 5.3 percent year on year in the first half of 2025, data from the National Bureau of Statistics (NBS) showed Tuesday.
China’s GDP reached around 66.05 trillion yuan (about 9.24 trillion U.S. dollars) in the first half, NBS data showed.
In the second quarter, the country’s GDP expanded 5.2 percent year on year, according to the NBS.
The tertiary industry expanded 5.5 percent year on year in the first half, outpacing a 3.7 percent increase in the primary industry and a 5.3 percent increase in the second industry.
On a quarterly basis, China’s economy expanded 1.1 percent in the second quarter, according to the NBS.
Since the beginning of the year, China has accelerated the implementation of a more proactive macroeconomic policy. The economy has made steady progress despite pressures, with significant economic indicators performing better than expected, said Sheng Laiyun, deputy head of the bureau, at a press conference on Tuesday.
In the first six months of this year, China’s industrial output increased by 6.4 percent compared to the same period last year, with equipment manufacturing and high-tech manufacturing sectors posting rapid growth.
The consumer market maintained an upward trend during the period, with retail sales of consumer goods expanding 5 percent year on year in the first half. The pace is 0.4 percentage points faster than the growth recorded in the first quarter.
Fixed-asset investment continued to grow during the first six months, marking a 2.8 percent year-on-year increase. In particular, investment in the manufacturing sector saw notable growth.
The job market remained generally stable, with the surveyed urban unemployment rate averaging 5.2 percent in the first half, a 0.1 percentage point decrease from the first quarter.
Commenting on the economic performance in the first half, Sheng described it as “highly valuable,” marked by continued progress and a positive trend built on overall stability.
“This is a hard-won achievement, especially given the sharp changes in the international environment and increased external pressures since the second quarter,” Sheng added.
English Caption
The State Council Information Office (SCIO) holds a press conference on China’s economic performance of the first half of 2025 in Beijing, capital of China, July 15, 2025. (Xinhua/Pan Xu)