Connect with us

China

တရုတ်-ဩစတြေးလျ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးနှင့် ပြန်လည်သုံးသပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသော ဒသမအကြိမ်မြောက် တရုတ်-ဩစတြေးလျ ခေါင်းဆောင်များ နှစ်ပတ်လည် အစည်းအဝေးတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီတို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့သည် တရုတ်-ဩစတြေးလျ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်အား အကောင်အထည်ဖော်ရေးနှင့် ပြန်လည်သုံးသပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို ဇူလိုင် ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က ထုတ်ပြန်ခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီတို့ ရှေ့မှောက်တွင် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီး ဝမ်ဝန်ထောင်းနှင့် ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဂျန်အဒမ်စ် (Jan Adams) တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည့် အဆိုပါ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်သည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများကို သိသိသာသာ မြှင့်တင်ပေးခဲ့ပြီး နှစ်နိုင်ငံစလုံးအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း MOC က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်သည် အဆိုပါ သဘောတူစာချုပ်ချုပ်ဆိုခြင်း ၁၀ နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်သောကြောင့် နှစ်နိုင်ငံသည် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုအား ထိန်းသိမ်းထားမည်ဖြစ်ပြီး သဘောတူစာချုပ်ကို အရည်အသွေးမြင့်မားစွာ ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်သလို ပိုမိုတိုးတက်ကောင်းမွန်ရေး သို့မဟုတ် ထပ်မံတိုးချဲ့ထွင်နိုင်ရေးအတွက် နယ်ပယ်များကို ဖော်ထုတ်ရန် ပြန်လည်သုံးသပ်မှုတစ်ခုကိုလည်း ပူးတွဲပြုလုပ်သွားမည်ဖြစ်ကြောင်း MOC က ပြောကြားခဲ့သည်။
၎င်းသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ခွင့်နှင့် လွယ်ကူချောမွေ့မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုအဆင့်မြင့်မားသော အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးမှုများ ပေးမည်ဖြစ်ကြောင်း MOC က ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China, Australia sign MoU to implement, review free trade agreement
BEIJING, July 16 (Xinhua) — China and Australia signed a memorandum of understanding (MoU) on the implementation and review of China-Australia Free Trade Agreement on Tuesday, according to the Chinese Ministry of Commerce (MOC).
The document was signed by Chinese Commerce Minister Wang Wentao and Australian Secretary of the Department of Foreign Affairs and Trade Jan Adams, witnessed by Chinese Premier Li Qiang and Australian Prime Minister Anthony Albanese.
Since its entry into force in 2015, the free trade agreement has significantly boosted bilateral economic and trade relations, delivering substantial benefits to both sides, said the MOC.
As 2025 marks the 10th anniversary of the agreement, the two countries will maintain close cooperation, continue high-quality implementation of the agreement, and jointly conduct a review to identify areas for further improvement or expansion, the MOC said.
This will enhance trade and investment liberalization and facilitation, providing a higher level of institutional support for bilateral economic and trade cooperation, the MOC said.

English Caption
Chinese Premier Li Qiang and Australian Prime Minister Anthony Albanese, who is on an official visit to China, hold the 10th China-Australia Annual Leaders’ Meeting at the Great Hall of the People in Beijing, capital of China, July 15, 2025. (Xinhua/Li Xiang)