Connect with us

China

တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ပထမနှစ်ဝက်အတွင်း တည်ငြိမ်စွာတိုးတက်လျက်ရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျုံးနင်ကွန်ဗာတာစခန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း နည်းပညာမြင့်လုပ်ငန်းကဏ္ဍက အရင်းအနှီးငွေကြေးစီးဆင်းမှုများ တိုးမြှင့်ဆွဲဆောင်ထားခြင်းဖြင့် တည်ငြိမ်စွာတိုးတက်မှုအရှိန်ကို ထိန်းထားလျက်ရှိကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) က ဇူလိုင် ၁၅ ရက် ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။
ယင်းကာလအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ယမန်နှစ် အလားတူကာလကထက် ၂.၈ ရာခိုင်နှုန်း မြင့်တက်လာကာ ယွမ် ၂၄.၈၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၄၈ ထရီလီယံခန့်) အထိ ရရှိခဲ့ကြောင်း NBS က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် အခြေခံအဆောက်အအုံ တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုကဏ္ဍအနေဖြင့် ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း ယခင်နှစ် အလားတူကာလထက် ၄.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၌မူ ၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
အထူးသဖြင့် နည်းပညာမြင့်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုတွင်လည်း အံ့ဩဖွယ်တိုးတက်လာခဲ့ကြောင်း သိရသည်။ သတင်းအချက်အလက်ဝန်ဆောင်မှုများ၊ လေယာဉ်နှင့် အာကာသယာဉ် ထုတ်လုပ်ရေး၊ ကွန်ပျူတာနှင့် ရုံးသုံးပစ္စည်းကိရိယာများ ထုတ်လုပ်ရေး စသည့်ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ယမန်နှစ် ကာလတူထက် ၃၇.၄ ရာခိုင်နှုန်း၊ ၂၆.၃ ရာခိုင်နှုန်းနှင့် ၂၁.၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။
ထို့ပြင် အိမ်ခြံမြေကဏ္ဍကို ထည့်မတွက်ပါက ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သော်လည်း အိမ်ယာမြေဖော်ထုတ်မှု၌ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်မူ ၁၁.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပထမခြောက်လတာကာလအတွင်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအနေဖြင့်ကြည့်ပါက ယမန်နှစ် ကာလတူမှ ၀.၆ ရာခိုင်နှုန်းအထိ အနည်းငယ်ကျဆင်းသွားခဲ့ပြီး အကယ်၍ အိမ်ခြံမြေကဏ္ဍကို ထည့်မတွက်ပါက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမှာ ၅.၁ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China’s fixed-asset investment sees stable growth in H1
BEIJING, July 15 (Xinhua) — China’s fixed-asset investment maintained stable growth in the first half (H1) of 2025, with high-tech sectors attracting surging capital inflows, data from the National Bureau of Statistics (NBS) showed Tuesday.
Total investment rose 2.8 percent year on year to 24.87 trillion yuan (about 3.48 trillion U.S. dollars) during the period, the NBS said in a statement.
Investment in infrastructure construction went up 4.6 percent from a year ago during the January-June period, while manufacturing investment increased 7.5 percent.
In particular, investment in high-tech industries posted stellar increases. Investment in information services, aircraft and spacecraft manufacturing, and computer and office equipment manufacturing climbed 37.4 percent, 26.3 percent, and 21.5 percent year on year, respectively.
Excluding the property sector, the country’s fixed-asset investment climbed 6.6 percent compared with a year earlier in H1. Meanwhile, investment in property development fell 11.2 percent.
Private investment edged down 0.6 percent from a year ago in the first six months. If stripping out real estate, private investment gained 5.1 percent.
Photo: This aerial drone photo taken on July 10, 2024 shows the construction site of the Zhongning converter station in northwest China’s Ningxia Hui Autonomous Region. (Xinhua/Wang Peng)