Connect with us

China

တရုတ်နိုင်ငံက SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ပြုလုပ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီအစည်းအဝေး၌ သဘာပတိအဖြစ် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်က ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
နိုင်ငံပေါင်း ၂၀ ကျော်မှ အကြီးအကဲများနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုကျော်မှ ခေါင်းဆောင်များက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၁၅ ရက်၌ ပြောကြားခဲ့သည်။
SCO ထျန်းကျင်းအစည်းအဝေးကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ကြေင်း ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် ဝမ်က ပြောခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က ယင်းနေ့မှာပင် ထျန်းကျင်းမြို့တွင် ပြုလုပ်သော SCO အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး Maksim Ryzhenkov ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi ၊ ကာဇက်စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu ၊ ကာဂျစ်စတန်နိုင်ငံခြားရေးဝန်ကြီး Jeenbek Kulubaev ၊ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်၊ တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin ၊ ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Bakhtiyor Saidov ၊ SCO အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev နှင့် SCO ဒေသဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့အစည်း အမှုဆောင်ကော်မတီ ညွှန်ကြားရေးမှူး Ularbek Sharsheev တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China to hold SCO Tianjin summit from Aug. 31 to Sept. 1
TIANJIN, July 15 (Xinhua) — Leaders from more than 20 countries and heads of 10 international organizations will attend the Tianjin summit of the Shanghai Cooperation Organization (SCO) and related events, said Chinese Foreign Minister Wang Yi on Tuesday.
The SCO Tianjin summit will be held from August 31 to September 1, Wang said in Tianjin during a joint press meeting with SCO Secretary-General Nurlan Yermekbayev.
On the same day, Wang, also a member of the Political Bureau of the Communist Party of China Central Committee, chaired SCO member states’ meeting of the council of the ministers of foreign affairs in Tianjin.
Belarusian Foreign Minister Maksim Ryzhenkov, Indian External Affairs Minister Subrahmanyam Jaishankar, Iranian Foreign Minister Seyed Abbas Araghchi, Kazakhstan’s Deputy Prime Minister and Minister of Foreign Affairs Murat Nurtleu, Minister of Foreign Affairs of Kyrgyzstan Jeenbek Kulubaev, Pakistani Deputy Prime Minister and Foreign Minister Mohammad Ishaq Dar, Russian Foreign Minister Sergey Lavrov, Tajik Foreign Minister Sirojiddin Muhriddin, Uzbek Foreign Minister Bakhtiyor Saidov, SCO Secretary-General Nurlan Yermekbayev, and Director of the Executive Committee of the SCO Regional Anti-Terrorist Structure Ularbek Sharsheev attended the meeting.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, chairs the Shanghai Cooperation Organization (SCO) member states’ meeting of the council of the ministers of foreign affairs in Tianjin, north China, July 15, 2025. (Xinhua/Li Ran)