China
တရုတ်နိုင်ငံ၏ စာတိုက်လုပ်ငန်း ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တိုးတက်မှု အားကောင်း

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စာတိုက်လုပ်ငန်းက ယခုနှစ် ပထမနှစ်ဝက်တွင် ပါဆယ်ထုပ်ပေါင်း ၁၀၄.၅၁ ဘီလီယံကို လက်ခံ ပို့ဆောင်ပေးခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း နိုင်ငံတော် စာတိုက်ဗျူရိုက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံ၏ အမြန်ချောပို့ ဝန်ဆောင်မှုလုပ်ငန်းများက အဆိုပါကာလအတွင်း ပါဆယ်ထုပ်ပေါင်း ၉၅.၆၄ ဘီလီယံကို လက်ခံ ပို့ဆောင်ပေးခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၉.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။
အဆိုပါဗျူရို၏ အဆိုအရ တရုတ်နိုင်ငံ၏ စာတိုက်လုပ်ငန်းသည် ပထမခြောက်လအတွင်း ဝင်ငွေ ယွမ် ၈၇၃.၀၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၂ ဘီလီယံခန့်) ရရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အမြန်ချောပို့ ဝန်ဆောင်မှုလုပ်ငန်းများသည် ဝင်ငွေ ယွမ် ၇၁၈.၇၈ ဘီလီယံ ရရှိခဲ့ကာ ၁၀.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
၎င်းဗျူရိုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မြို့တွင်း အမြန်ချောပို့ ဝန်ဆောင်မှုလုပ်ငန်းများသည် ပါဆယ်ထုပ်ပေါင်း ၇.၈၈ ဘီလီယံကို လက်ခံ ပို့ဆောင်ပေးခဲ့ပြီး ယမန်နှစ် ကာလတူထက် ၆.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ မြို့ချင်းဆက် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ပါဆယ်ထုပ်ပေါင်း ၈၅.၇၄ ဘီလီယံကို လက်ခံ ပို့ဆောင်ပေးခဲ့ပြီး ၂၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ဒေသအလိုက် လက်ခံ ပို့ဆောင်ပေးမှုများကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများသည် အမြန်ချောပို့ဆောင်မှုကဏ္ဍ ပမာဏ၏ ၇၁.၆ ရာခိုင်နှုန်း၊ ၁၉.၃ ရာခိုင်နှုန်းနှင့် ၉.၁ ရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။ ဝင်ငွေ အချိုးအစားများမှာ ၇၄ ရာခိုင်နှုန်း၊ ၁၅.၅ ရာခိုင်နှုန်းနှင့် ၁၀.၅ ရာခိုင်နှုန်း ရှိခဲ့သည်။
အဆိုပါတာဝန်ရှိသူက ပြောကြားရာတွင် တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဈေးကွက်ဝေစု တိုးလာခဲ့ကြောင်း၊ အလယ်ပိုင်းဒေသ၏ လက်ခံ ပို့ဆောင်မှုပမာဏနှင့် ဝင်ငွေအချိုးအစားသည် ၀.၈ နှင့် ၀.၅ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ပြီး အနောက်ပိုင်းဒေသများတွင် ၀.၆ နှင့် ၀.၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ် ကာလတူထက် ၅.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ အချက်အလက်များက ဇူလိုင် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
“စီးပွားရေးက ဖိအားတွေကြားကနေ တည်ငြိမ်တဲ့ တိုးတက်မှုတွေ ရှိခဲ့ပြီး အရေးပါတဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းတွေက မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်ခဲ့ပါတယ်” ဟု နိုင်ငံတော် စာတိုက်ဗျူရို၏ ဒုတိယအကြီးအကဲ ရှန်းလိုင်းယွင်က ဇူလိုင် ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ Hangzhou Transfar highway port ရှိ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ ဂိုဒေါင်၌ ဝန်ထမ်းတစ်ဦးက ပစ္စည်းထုပ်များ စစ်ဆေးနေပုံကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————–
(English Version)
China’s postal industry sees strong growth in H1
BEIJING, July 16 (Xinhua) — China’s postal industry handled 104.51 billion parcels in the first half of this year, up 16.9 percent year on year, the State Post Bureau said Wednesday.
Express delivery services processed 95.64 billion parcels during the same period, marking a 19.3 percent increase from a year earlier.
According to the bureau, China’s postal industry generated 873.09 billion yuan (about 122 billion U.S. dollars) in revenue in the first six months, rising 8.3 percent year on year. Express delivery services contributed 718.78 billion yuan, up 10.1 percent.
According to an official from the bureau, intra-city express delivery services handled 7.88 billion parcels, up 6.2 percent year on year. Inter-city services processed 85.74 billion parcels, increasing 20.6 percent.
In terms of regional distribution, eastern, central and western China accounted for 71.6 percent, 19.3 percent and 9.1 percent of the express delivery volume, respectively. For revenue, the proportions were 74 percent, 15.5 percent and 10.5 percent.
The official noted that the central and western regions have increased their market share compared to the same period last year, with the central region’s delivery volume and revenue proportions rising by 0.8 and 0.5 percentage points, respectively, while western regions saw increases of 0.6 and 0.3 percentage points.
China’s gross domestic product grew 5.3 percent year on year in the first half of 2025, data from the National Bureau of Statistics showed Tuesday.
“The economy has made steady progress despite pressures, with significant economic indicators performing better than expected,” said Sheng Laiyun, deputy head of the bureau, at a press conference on Tuesday.
English Caption
Photo 1 – A staff member distributes parcels at the workshop of a logistics company in Lanshan County of Yongzhou City, central China’s Hunan Province, Nov. 10, 2022. (Photo by Peng Hua/Xinhua)
Photo 2 – A staff member checks the packages at the warehouse of a logistics company at the Hangzhou Transfar highway port in Hangzhou, east China’s Zhejiang Province, April 13, 2022. (Xinhua/Jiang Han)