China
SCO အနေဖြင့် ဒေသတွင်း တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထျန်းကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်စောင့်ရှောက်ကာ ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်အားသစ်လောင်းမှုတို့ကို မြှင့်တင်ရာတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၁၆ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က SCO အထွေထွေအတွင်းရေးမှူးချုပ် နာလန် ယာမက်ဘာယက်ဗ်အား ထျန်းကျင်းမြို့၌ လက်ခံတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
SCO အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူချိန်မှစ၍ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သည့်အပေါ် အသိအမှတ်ပြုကြောင်း၊ SCO အထွေထွေအတွင်းရေးမှူးချုပ် ယာမက်ဘာယက်ဗ် အနေဖြင့် SCO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များအကြား ရရှိထားသော တူညီဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို တိုးမြှင့်ရာတွင် ကြီးကြီးမားမား အကျိုးဆောင်ခဲ့ပြီး တရုတ်နိုင်ငံရှိ ဌာနအသီးသီးနှင့်လည်း ကောင်းမွန်သော အလုပ်သဘော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး၊ ပထဝီဝင် အနေအထားအရ လွှမ်းခြုံမှု အကျယ်ပြန့်ဆုံးဖြစ်ကာ အလွန်ကြီးမားသော အလားအလာရှိသည့် ဘက်ပေါင်းစုံ ဒေသတွင်း အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အလျောက် SCO အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်း၏ ပိုမိုအာရုံစိုက်မှုကို ရရှိလာကြောင်း၊ SCO အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်စောင့်ရှောက်ကာ ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်အားသစ်လောင်းမှုတို့ကို မြှင့်တင်ရာတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ဝမ်က ဆိုသည်။
ထို့အတူ SCO အနေဖြင့် နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်အား ခိုင်ခိုင်မာမာ ပုံဖော်ရေး၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက်လည်း အားဖြည့်ပံ့ပိုးပေးနိုင်ကြောင်း ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။
အတွင်းရေးမှူးချုပ်ရုံးမှာ SCO ၏ အရေးအပါဆုံး အမြဲတမ်းအဖွဲ့အစည်းဖြစ်သည်ဟု ဝမ်က အလေးထားပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်၏ ဦးဆောင်မှုအောက်တွင် အဆိုပါရုံးအနေဖြင့် SCO အဖွဲ့အစည်း ထိရောက်စွာ လည်ပတ်နိုင်ရေး ခိုင်မာသေချာအောင် လုပ်ဆောင်ရာတွင်လည်းကောင်း၊ အဖွဲ့ဝင်အားလုံး၏ ဆောင်ရွက်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးရာတွင်လည်းကောင်း၊ အဖွဲ့၏ အကျိုးသက်ရောက်မှုကို မြှင့်တင်ရာတွင်လည်းကောင်း ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟုလည်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အတွင်းရေးမှူးချုပ်ရုံး၏ လုပ်ငန်းဆောင်တာများ လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးခြင်း၊ အထောက်အကူပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။
SCO အလှည့်ကျဥက္ကဋ္ဌဖြစ်သော တရုတ်နိုင်ငံအနေဖြင့် အခမ်းအနားပေါင်း ၉၀ ကျော်ကို စီစဉ်ကျင်းပခဲ့သလို ပူးပေါင်းဆောင်ရွက်မှု များစွာကိုလည်း မြှင့်တင်ခဲ့ကြောင်း၊ ချစ်ကြည်ရင်းနှီးမှု၊ ပေါင်းစည်းညီညွတ်မှု၊ အကျိုးဖြစ်ထွန်းမှုရှိသော ထိပ်သီးအစည်းအဝေးအား အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် SCO အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ဆက်လက်ပံ့ပိုးပေးပါရန် တိုက်တွန်းလိုကြောင်း ဝမ်က ပြောကြားခဲ့သည်။
ယာမက်ဘာယက်ဗ်ကလည်း တရုတ်နိုင်ငံအနေဖြင့် ထိရောက်သော အစီအမံများကို အဆိုပြုကာ လက်တွေ့အကောင်အထည်ဖော်လျက် အဖွဲ့ဝင်နိုင်ငံ အသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်ဆီသို့ မြှင့်တင်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
အတွင်းရေးမှူးချုပ်ရုံးအနေဖြင့် တရုတ်နိုင်ငံ၏ SCO ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုအပေါ် အပြည့်အဝ ဆက်လက်ပံ့ပိုးသွားမည် ဖြစ်သကဲ့သို့ SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး၌ အကျိုးရှိသော ရလဒ်များ ရရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း အတူတကွ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း SCO အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
SCO can play bigger role in regional stability, development: Chinese FM
TIANJIN, July 16 (Xinhua) — Chinese Foreign Minister Wang Yi said on Wednesday that the Shanghai Cooperation Organization (SCO) can play a more important role in safeguarding regional peace and stability while promoting development and revitalization.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks while meeting with SCO Secretary-General Nurlan Yermekbayev in Tianjin.
In expressing appreciation for the Secretary-General’s dedication since assuming office, Wang noted that Yermekbayev has significantly contributed to advancing the implementation of the consensus reached by the leaders of SCO member states and has established good working relations with various departments in China.
Wang said that as a comprehensive regional organization with the world’s largest population, the broadest geographical coverage, and enormous potential, the SCO is gaining increasing attention from the international community, and it can play a more important role in safeguarding regional peace and stability while promoting development and revitalization.
The SCO can also contribute to forging a new type of international relations and building a community with a shared future for humanity, Wang added.
Noting the Secretariat is the most important permanent body of the SCO, Wang said that under the Secretary-General’s leadership, the Secretariat will play a greater role in ensuring the efficient functioning of the SCO, coordinating the actions of all parties, and enhancing the organization’s influence.
China will continue to provide support and facilitate the work of the Secretariat, Wang added.
As the SCO chair, China has organized over 90 events and advanced a series of cooperation, said Wang, calling on the Secretary-General to continue supporting China in its efforts to host a friendly, cohesive and fruitful summit.
Yermekbayev said that China has proposed and implemented substantive activities, elevating cooperation among various parties to new heights.
The Secretariat will continue its full support to China’s presidency, jointly facilitate the preparations for the SCO Tianjin summit to ensure fruitful outcomes, said the Secretary-General.
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Shanghai Cooperation Organization (SCO) Secretary-General Nurlan Yermekbayev in Tianjin, north China, July 16, 2025. (Xinhua/Zhao Zishuo)