China
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ မီးရထားခရီးသည် သယ်ယူပို့ဆောင်ရေး စံချိန်တင်

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မီးရထားကွန်ရက်သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ခရီးသည် ခရီးစဉ် ၂.၂၄ ဘီလီယံကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး သမိုင်းဝင် စံချိန်သစ်တင်ခဲ့ကြောင်း အမျိုးသား မီးရထားလုပ်ငန်းအော်ပရေတာက ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
China State Railway Group Co., Ltd. မှ ထုတ်ပြန်သော အချက်အလက်များအရ ၎င်းပမာဏသည် ယမန်နှစ် အလားတူကာလထက် ၆.၇ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ ခြောက်လတာကာလအတွင်း နေ့စဉ်ပျမ်းမျှ မီးရထား ၁၁,၁၈၃ စင်း ပြေးဆွဲခဲ့ပြီး ယမန်နှစ် ကာလတူထက် ၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
အမြင့်ဆုံး နေ့စဉ် မီးရထားခရီးသည် သယ်ယူပို့ဆောင်မှုမှာ အလုပ်သမားနေ့ (May Day) ၅ ရက်တာ အားလပ်ရက်၏ ပထမဆုံးနေ့ ဖြစ်သော မေ ၁ ရက်တွင် စံချိန်တင် ဖြစ်ခဲ့သည်။ ထိုတစ်ရက်တည်းတွင် ခရီးသည် ခရီးစဉ် ၂၃ သန်းကျော် ဖြင့် သမိုင်း၌ အမြင့်ဆုံး စံချိန်ဖြစ်ကြောင်း ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။
ဗီဇာမူဝါဒများ ထပ်မံဖြေလျှော့ပေးခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ မီးရထား ခရီးစဉ်များတွင် နိုင်ငံခြားသား ခရီးသည်အရေအတွက် သိသိသာသာ တိုးတက်လာသည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားသား ခရီးသည်များသည် တရုတ်နိုင်ငံအတွင်း မီးရထား ခရီးစဉ် ၉.၁၅ သန်းနီးပါးဖြင့် သွားလာခဲ့ကြပြီး ယမန်နှစ် ကာလတူ ထက် ၃၀.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
အလားတူကာလအတွင်း နယ်စပ်ဖြတ်ကျော် မီးရထား သယ်ယူပို့ဆောင်ရေးမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ တရုတ်-လာအို မီးရထားလုပ်ငန်းသည် ခရီးသည် ခရီးစဉ် ၁၃၉,၀၀၀ ကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၉.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)
——————-
(English Version)
China’s railway passenger traffic hits new record in H1
BEIJING, July 17 (Xinhua) — China’s railway network recorded a historic high of 2.24 billion passenger trips in the first half of 2025, the national railway operator said Thursday.
This figure represents a 6.7 percent increase from the same period last year, according to data released by China State Railway Group Co., Ltd. During the six-month period, an average of 11,183 trains operated daily, up 7.5 percent year on year.
The highest daily passenger traffic was recorded on May 1, the first day of the five-day May Day holiday, with over 23 million passenger trips made in a single day, an all-time high, the company said.
Chinese railways also saw rapid growth in foreign passenger numbers as visa policies were further eased. In the first half of 2025, foreign travelers took nearly 9.15 million train trips within China, a 30.1 percent increase year on year.
During the same period, cross-border railway transport also expanded rapidly. The China-Laos Railway recorded 139,000 passenger trips, representing an increase of 19.1 percent year on year, according to the data.
English Caption
Passengers walk on the platform at Yantai Railway Station in Yantai, east China’s Shandong Province, May 3, 2023. (Photo by Sun Wentan/Xinhua)