Connect with us

Europe

တရုတ်နိုင်ငံက တည်ဆောက်ထားသည့် အရှည်လျားဆုံး ဥမင်များ ပါဝင်သော အဓိက အဝေးပြေးလမ်းပိုင်း ဆားဘီးယားတွင် တည်ဆောက်ပြီးစီး

ဆားဘီးယားနိုင်ငံ အနောက်တောင်ပိုင်း လူကာနီမြို့တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော အဝေးပြေးလမ်းပိုင်း ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်လာသော ဆားဘီးယား သမ္မတ အလက်ဇန်းဒါး ဗူဆစ်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လူကာနီ၊ ဆားဘီးယား၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ဆားဘီးယားနိုင်ငံ ပါကော့ဗ်ရေ့စ်ဒေသနှင့် ပိုဇီဂါမြို့အကြား E-763 “မီလော့စ် ဗယ်လီကီ” အဝေးပြေးလမ်း၏ နောက်ဆုံးကျန်ရှိသော လမ်းပိုင်းကို ဆားဘီးယား ဝန်ကြီးချုပ် အလက်ဇန်းဒါး ဗူဆစ်က ဇူလိုင် ၆ ရက်၌ ဖွင့်လှစ်ပေးခဲ့ရာ ၃၀.၉ ကီလိုမီတာ ရှည်လျားသော ပရယ်လ်ဂျီနာ-ပိုဇီဂါ လမ်းပိုင်းတစ်ခုလုံး ပြီးစီးသွားပြီဖြစ်သည်။
အဆိုပါ လမ်းပိုင်းဖွင့်ပွဲအခမ်းအနားအား ဆားဘီးယားနိုင်ငံ အနောက်တောင်ပိုင်း လူကာနီမြို့ရှိ မွန်ဂျီနို ဘာဒို ဥမင်ဝင်ပေါက်၌ ကျင်းပခဲ့ခြင်းဖြစ်ကာ အခမ်းအနားသို့ ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီမိန်၊ ဆားဘီးယားအစိုးရ အကြီးတန်းတာဝန်ရှိသူများ၊ တရုတ်နှင့် ဆားဘီးယား အခြေခံအဆောက်အအုံ ကုမ္ပဏီများမှ ကိုယ်စားလှယ်များအပြင် ရာနှင့်ချီသည့် ဒေသခံများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
“ဒါက ကျွန်တော်တို့နိုင်ငံမှာ အရေးအပါဆုံး အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုပါ။ တရုတ်နိုင်ငံက မိတ်ဆွေတွေနဲ့အတူ သူတို့ရဲ့ နည်းပညာ၊ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုတွေကို အသုံးချရင်း စိန်ခေါ်မှုမှန်သမျှကို ကျော်လွှားနိုင်ခဲ့တာပါ” ဟု ယင်းအခမ်းအနား၌ ဗူဆစ်က ပြောကြားခဲ့ပြီး China Communications Construction Company (CCCC) ၏ ပံ့ပိုးကူညီမှုများကိုလည်း အလေးထားပြောဆိုခဲ့သည်။
အသစ်ဖွင့်လှစ်လိုက်သည့် ၁၉.၅၆ ကီလိုမီတာ ရှည်လျားသော လမ်းပိုင်း၌ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားသော ၂,၈၅၈ မီတာ ရှည်လျားသည့် လက်ဇ် ဥမင်လမ်းနှင့် ၂,၈၆၁ မီတာ ရှည်လျားသည့် မွန်ဂျီနို ဘာဒို ဥမင်လမ်းဟူသော ဆားဘီးယားနိုင်ငံ၏ အရှည်လျားဆုံး ဥမင်လမ်းနှစ်ခု ပါဝင်ကြောင်း သိရသည်။ ထိုစီမံကိန်းမှာ ဆားဘီးယားနိုင်ငံအနေဖြင့် ဘေးကင်းစိတ်ချရသည့် အရည်အသွေးမြင့် အဝေးပြေးလမ်းမများဖြင့် ခေတ်မီ၍ အင်အားတောင့်တင်းသော နိုင်ငံတော်အဖြစ် အသွင်ကူးပြောင်းနေခြင်းကို ထင်ဟပ်စေသည်ဟု ဗူဆစ်က ဆိုသည်။
E-763 စင်္ကြံလမ်းမှာ ရိုမေးနီးယား၊ ဆားဘီးယား၊ မွန်တီနီဂရိုးနှင့် အီတလီနိုင်ငံကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာအားကောင်းစေမည့် အဓိကကျသော ဒေသတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုပင်ဖြစ်သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၂၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် ပရယ်လ်ဂျီနာ-ပိုဇီဂါ လမ်းပိုင်းမှာ ဆားဘီးယားနိုင်ငံက ဖော်ဆောင်လျက်ရှိသည့် အကြီးမားဆုံး အခြေခံအဆောက်အအုံများထဲတွင် ပါဝင်ကာ ပရယ်လ်ဂျီနာနှင့် ပါကော့ဗ်ရေ့စ်ဒေသအကြား ပထမဆုံးလမ်းပိုင်းကိုမူ ၂၀၂၂ ခုနှစ်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4Yd

ဆားဘီးယားနိုင်ငံ အနောက်တောင်ပိုင်း လူကာနီမြို့တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော အဝေးပြေးလမ်းပိုင်း ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 


…………………….
(English Version)
Serbia completes key Chinese-built highway section with longest tunnels
LUCANI, Serbia, July 6 (Xinhua) — Serbian President Aleksandar Vucic on Saturday inaugurated the final segment of the E-763 “Milos Veliki” highway between Pakovrace and Pozega, completing the entire 30.9-km Preljina-Pozega section.
The opening ceremony took place at the entrance of the Munjino Brdo tunnel in southwestern Serbia’s Lucani municipality. It was attended by Chinese Ambassador to Serbia Li Ming, senior Serbian government officials, representatives of Chinese and Serbian infrastructure companies, and hundreds of local residents.
“This is one of the most important infrastructure projects in our country. Together with our Chinese friends, using their technology and our determination, we overcame all challenges,” said Vucic at the event, highlighting the contribution of China Communications Construction Company (CCCC).
The newly opened 19.56-kilometer stretch includes Serbia’s two longest road tunnels — Laz (2,858 meters) and Munjino Brdo (2,861 meters) — constructed to international standards using advanced engineering technologies. Vucic said the project reflects Serbia’s transformation into a strong and modern state with safe, high-quality highways.
The E-763 corridor is a key regional transport route that strengthens connectivity between Romania, Serbia, Montenegro, and Italy. With a total investment exceeding 520 million U.S. dollars, the Preljina-Pozega segment ranks among Serbia’s largest infrastructure undertakings. The first part, between Preljina and Pakovrace, was opened in 2022.
English Caption 1
Serbian President Aleksandar Vucic attends the opening ceremony of a Chinese-built highway section in southwestern Serbia’s Lucani municipality, July 5, 2025. S (Photo by Wang Wei/Xinhua)
English Caption 2
Local residents attend the opening ceremony of a Chinese-built highway section in southwestern Serbia’s Lucani municipality, July 5, 2025. (Photo by Wang Wei/Xinhua)