Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ASEAN Plus နိုင်ငံခြားရေးဝန်ကြီးများဆိုင်ရာ အစည်းအဝေးများ တက်ရောက်မည်

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဇူလိုင် ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများစွာအား တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၈ ရက်၌ ကြေညာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်သည် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ ASEAN Plus Three (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖိုရမ် စသည်တို့အား တက်ရောက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese FM to attend ASEAN Plus foreign ministers’ meetings
BEIJING, July 8 (Xinhua) — Chinese Foreign Minister Wang Yi will attend a series of meetings of foreign ministers in Kuala Lumpur, Malaysia from July 10 to 11, a foreign ministry spokesperson announced on Tuesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, will attend the China-ASEAN Foreign Ministers’ Meeting, the ASEAN Plus Three (China, Japan, the Republic of Korea) Foreign Ministers’ Meeting, the East Asia Summit Foreign Ministers’ Meeting and the ASEAN Regional Forum Foreign Ministers’ Meeting, said the spokesperson.