Connect with us

Media

အစ္စရေး-လက်ဘနွန် အငြင်းပွားဖွယ်ရေပိုင်နက်ရှိ ဓာတ်ငွေ့တွင်း၌ စွမ်းအင်ကုမ္ပဏီက စမ်းသပ်မှု စတင်

ဂျေရုဆလမ် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြေထဲပင်လယ်အရှေ့ပိုင်းရှိ အငြင်းပွားနေသော Karish သဘာဝဓာတ်ငွေ့လုပ်ကွက်၏ ထုတ်လုပ်မှုအဆောက်အအုံ၌ လန်ဒန်အခြေစိုက် Energean ကုမ္ပဏီက ဓာတ်ငွေ့ စမ်းသပ်ပို့လွှတ်ခြင်းအား အောက်တိုဘာ ၉ ရက်တွင် စတင်ခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစမ်းသပ်မှုသည် အစ္စရေးကမ်းရိုးတန်းမှ ကီလိုမီတာ ၉၀ အကွာ၌ တပ်ဆင်ထားသော “Energean Power” ဟု သိရှိကြသည့် ရေပေါ်ထုတ်လုပ်ရေးစက်ရုံ၏ တာဝန်ထမ်းဆောင်မှုလုပ်ငန်းစဉ်တွင် အရေးကြီးသော အဆင့်တစ်ရပ် ဖြစ်ကြောင်း Energean ကုမ္ပဏီက ထုတ်ပြန်ချက်က ဆိုသည်။

ယင်းလုပ်ဆောင်ချက်သည် အစ္စရေးစွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုချက်ရရှိပြီးနောက် အကောင်အထည်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

Karish ဓာတ်ငွေ့လုပ်ကွက်၌ ဓာတ်ငွေ့ထုတ်လုပ်မှုအလားအလာသည် အစ္စရေး နှင့် လက်ဘနွန်တို့အကြား တင်းမာမှုများ ထပ်မံတိုးလာဖွယ် ရှိပြီး အစ္စရေးက အဆိုပါဓာတ်ငွေ့လုပ်ကွက်မှာ ၎င်းတို့၏ စီးပွားရေးဇုန်အတွင်း အပြည့်အဝ ရှိနေကြောင်း အခိုင်အမာ ပြောဆိုထားသလို လက်ဘနွန်ကလည်း ယင်းဓာတ်ငွေ့တွင်းသည် အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း ရှိကြောင်း ပြောကြားထားသည်။ အဆိုပါ အိမ်နီးချင်း နှစ်နိုင်ငံသည် လက်ရှိတွင် အမေရိကန်နိုင်ငံ၏ ကြားဝင်စေ့စပ်ခြင်းအောက်တွင် ၎င်းတို့၏ ရေကြောင်းနယ်နိမိတ်များအပေါ် ညှိနှိုင်းနေကြကြောင်း သိရသည်။ (Xinhua)
……………………………………….

(English Version)

Energy firm begins testing at gas field in Israel-Lebanon disputed waters
London-based Energean began on Sunday gas pumping testing at the production facility of the disputed Karish natural gas field in the Eastern Mediterranean, according to a company statement.
The testing was “an important step” in the commissioning process of the floating production facility known as the “Energean Power,” installed 90 km off the Israeli coast, Energean said in the statement.
The move came after approval by the Israeli Energy Ministry, it added.
The potential gas production at the Karish gas field is likely to further increase tensions between Israel and Lebanon, as Israel claims the gas field falls completely within its economic zone while Lebanon says it is in disputed waters. The two neighbors are currently negotiating over their maritime borders under the mediation of the United States.
Xinhua News Agency correspondents reporting from Jerusalem.
(XHTV)