Connect with us

Media

နေ”၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်ရန် တရုတ်နိုင်ငံက အာကာသအခြေစိုက် စူးစမ်းလေ့လာရေးဂြိုဟ်တု လွှတ်တင်

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက “နေ”စူးစမ်းလေ့လာရေး ဂြိုဟ်တုတစ်စင်းကို အောက်တိုဘာ ၉ ရက်တွင် လွှတ်တင်ခဲ့ပြီး “နေ”၏လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်ရန် နောက်ထပ်တစ်ဆင့်တွန်းအားပေး ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအခြေစိုက် “နေ”စူးစမ်းလေ့လာရေးယာဉ်(ASO-S) ဖြစ်သော “Kuafu-1”ကို Long March-2D ဒုံးပျံဖြင့် အောက်တိုဘာ ၉ ရက် နံနက် ၇ နာရီ ၄၃ မိနစ်တွင် လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။
၎င်းသည် နှစ်တစ်နှစ်၏ အများစုအချိန်များအတွက် “နေ”ကို နေ့စဉ် ၂၄ နာရီ စူးစမ်းလေ့လာနိုင်ခြင်းကြောင့် အာကာသမိုးလေဝသခန့်မှန်းချက်များအတွက် အချက်အလက်များ ပံ့ပိုးပေးနိုင်သည်။
“နေ”စူးစမ်းလေ့လာရေးယာဉ်၏ သက်တမ်းမှာ အနည်းဆုံး ၄ နှစ် ရှိမည်ဟု ခန့်မှန်းရပြီး တစ်နေ့လျှင် 500 GB ခန့်ရှိသော အချက်အလက်များကို ပို့ဆောင်နိုင်ရာ အရည်အသွးမြင့် ရုပ်ပုံပေါင်း သောင်းနှင့်ချီပို့ဆောင်နိုင်ကြောင်း သိရသည်။ (Xinhua)
…………………………….

(English Version)

China launches space-based observatory to unravel the Sun’s secrets

China sent a solar exploration satellite into space on Sunday, furthering the country’s scientific endeavor to unravel the mysteries of the Sun.

The Advanced Space-based Solar Observatory (ASO-S), nicknamed Kuafu-1 in Chinese, was launched aboard a Long March-2D rocket at 07:43 a.m. (Beijing Time) from the Jiuquan Satellite Launch Center in northwest China, and entered its planned orbit successfully.

It is capable of probing the Sun 24 hours daily for most of the year, thus providing data support for space weather forecasting.

The solar probe, with a projected life of no less than four years, is designed to accumulate and transmit back some 500 gigabytes of data within a day, which is equivalent to tens of thousands of high-quality images.

Xinhua News Agency correspondents reporting from Jiuquan, China.
(XHTV)