Connect with us

Media

ဗြိတိန်နိုင်ငံအနေဖြင့်မောက်မာထောင်လွှားမှုများကိုရပ်တန့်ရန်နှင့် လူ့အခွင့်အရေးဗန်းပြမှုများကိုရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဆို

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ဗြိတိန်အစိုးရအနေဖြင့် မောက်မာမှုများကိုရပ်တန့်ရန်နှင့် လူ့အခွင့်အရေးဗန်းပြမှုများကိုရပ်တန့်ရန်လိုအပ်ပြီး ပြည်တွင်းပြည်ပ ဝေဖန်မှုများအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကိုကိုင်တွယ်ဖြေရှင်းသင့်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်း က “ ဗြိတိန်ကိုတရားမဝင်‌ခိုလှုံဖို့ ဝင်ရောက်လာသူတွေကို  ရဝမ်ဒါနိုင်ငံသို့ ပို့ဆောင်မယ့်ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ မေးခွန်းထုတ်မှုတွေရော ဝေဖန်ပြစ်တင်မှုမြောက်မြားစွာ ထွက်ပေါ်နေတယ်လို့မိမိတို့ကြားသိရပါတယ်။ ဗြိတိန်နိုင်ငံရှိ မီဒီယာအများစုကလည်း အစိုးရရဲ့ အဲဒီဆုံးဖြတ်ချက်အပေါ် တုန်လှုပ်ခြောက်ခြားနေခဲ့ကြပြီး အားနွဲ့တဲ့ပြည်သူတွေကို အခြားနိုင်ငံသို့ ပို့ဆောင်မယ့်အတွေးအခေါ်ဟာ  သွေးအေးလွန်း တယ်လို့ဆိုပါတယ်။ Canterbury ခရစ်ယာန်ဂိုဏ်းချုပ် ကလည်း ဗြိတိန်အစိုးရရဲ့ ဆောင်ရွက်မှုအပေါ်ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့ပြီး  အဲဒီဆုံးဖြတ်ချက်ကြောင့် “လေးနက် တဲ့ ကျင့်ဝတ်ဆိုင်ရာမေးခွန်းတွေ”ပေါ်ပေါက်လာမှာဖြစ်ပြီး “ဘုရားသခင် ရဲ့ အပြစ်ပေးမှုကို”ခံနိုင်ရည်ရှိဖို့မလွယ်ဘူးလို့ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကလည်း အဲဒီလိုလုပ်ဆောင်တာဟာ ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့အပြင် ပြည်သူတွေကို “ကုန်ပစ္စည်းတွေလိုမျိုးလုပ်ဆောင်ဖို့ မသင့်တော်ဘူး” လို့ ကြိမ်ဖန်များစွာဝေဖန်ထောက်ပြခဲ့ပြီး ဗြိတိန်နိုင်ငံအနေနဲ့ အဲဒီအစီအစဉ်ကိုပြန်လည် စဉ်းစားဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ UNHCR ကာကွယ်စောင့်ရှောက်ရေးလက်ထောက်မဟာမင်းကြီးဖြစ်သူ Gillian Triggs က UNHCR အနေနဲ့ အဲဒီလို ဒုက္ခသည်တွေနဲ့ ခိုလှုံသူတွေကို  လုံလောက်တဲ့ လုံခြုံရေးစောင့်ရှောက်ပေးမှုနဲ့စံချိန်စံညွှန်းတွေမရှိဘဲ တတိယနိုင်ငံကိုလွှဲပြောင်းလုပ်ဆောင်မယ့်အစီအစဉ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါကြောင်းပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ သူတို့နိုင်ငံအနေဖြင့် “လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူအဖြစ် ကာလရှည်လျားစွာ ပုံဖော်ထားခဲ့ပြီး  အခြားနိုင်ငံတွေကို သူတို့ရဲ့ပြည်တွင်းရေးတွေအပေါ် လူ့အခွင့်အရေးဆိုတဲ့အမည်တပ်ပြီး ပုံမှန်ဝေဖန်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံပေါ်ကျရောက်လာတဲ့  ဒုက္ခသည်တွေနဲ့ရွှေ့ပြောင်းနေထိုင်သူတွေကိစ္စပေါ်မှာတော့ ဗြိတိန်နိုင်ငံဟာ “လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ” နဲ့ လူသားချင်းစာနာထောက်ထားမှုအရေးတွေအပေါ် မျက်ကွယ်ပြုဖို့ရွေးချယ်ခဲ့ပြီး ပြိုင်ဘက်ကင်းဖို့အရေးပဲ စဉ်ဆက်မပြတ်အားထုတ်နေခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဟာ တာဝန်ယူမှုတာဝန်ခံမှုမရှိတာကြောင့်ရှက်ရွံနေရသလို ခိုလှုံခွင့်တောင်းခံသူများကိုပင် အခြားသို့ပထုတ်ရန်ကြံရွယ်နေရပါတယ်။ ဗြိတိန်အာဏာပိုင်တွေပေးတဲ့အကြောင်းပြချက်ဟာ ဗြိတိန်နိုင်ငံကို ဘယ်လောက် စိတ်ဝင်စားတယ်ဆိုတဲ့ ပြည်သူတွေကို စည်းရုံသိမ်းသွင်းဖို့သက်သက်ဖြစ်ပြီး  အခြားသူတွေက ဗြိတိန်အတွက် ဘာလုပ်နိုင်လဲဆိုတာထက် လူ့အခွင့်အရေးနဲ့ပတ်သက်လာရင်တော့ သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေအတိုင်းသာလုပ်ဆောင်ဖို့ဖြစ်ပါတယ် ။ ဗြိတိန်အစိုးရအနေနဲ့ မောက်မာမှုတွေကိုရပ်တန့်ဖို့နဲ့ လူ့အခွင့်အရေးဗန်းပြမှုတွေကိုရပ်တန့်ဖို့လိုအပ်ပြီး ပြည်တွင်းပြည်ပ ဝေဖန်မှုတွေအပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်နေပြီဖြစ်ပါတယ်” ဟုဆိုသည်။

…………………………………………

(English Version)

GLOBALink | UK should stop being arrogant and hypocritical on human rights: Chinese FM spokesperson

 

BEIJING, June 14 (Xinhua) — The British government needs to stop being arrogant and hypocritical on the issue of human rights and take serious actions to respond to the criticism from home and abroad, a Chinese Foreign Ministry spokesperson said Tuesday.

SOUNDBITE (Chinese/English interpretation): WANG WENBIN, Chinese Foreign Ministry spokesperson

“We noted the amount of criticism and questioning regarding this decision in the UK and internationally.

Mainstream media outlets in the UK have called the government’s plan appalling, saying it is “chilling” to think about that vulnerable people are going to be taken all the way to another country.

The Archbishop of Canterbury openly criticized the British government’s move, saying it will cause “serious ethical questions” that cannot “stand the judgment of God.”

The UNHCR (Office of the United Nations High Commissioner for Refugees) has repeatedly pointed out that the move is unlawful and that people should not be “treated like commodities,” urging the UK to “rethink the plans.”

Gillian Triggs, UNHCR Assistant High Commissioner for Protection, said that UNHCR remains firmly opposed to arrangement that seek to transfer refugees and asylum seekers to third countries in the absence of sufficient safeguards and standards.

The UK has long portrayed itself as a “defender of human rights”, and regularly criticizes other countries regarding their domestic affairs in the name of human rights.

However, when it comes to its own refugee and migrant issues, the UK chooses to be oblivious to the “human rights standards” and humanitarianism that it has constantly sought to champion.

The UK is shying away from responsibilities and even try to “outsource” the asylum seekers.

The rationale given by British officials only convinces people of how often the UK only cares about what others can do for the UK rather than the UK’s own obligations when it comes to human rights.

The British government needs to stop being arrogant and hypocritical on the issue of human rights and take serious actions to respond to the criticism from home and abroad.”

Produced by Xinhua Global Service