Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က တစ်လကြာ ဈေးပွဲတော်ကျင်းပမည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Dali မြို့ဟောင်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများအား ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခရီးသွားအများအပြားအား ဆွဲဆောင်သည့်နေရာတစ်ခုဖြစ်သည့် ယူနန်ပြည်နယ်က သုံးစွဲမှုမြှင့်တင်ရေးကြိုးပမ်းအားထုတ်မှုအနေဖြင့် ဇွန် ၁၈ ရက်မှစတင်ကာ တစ်လကြာ ဈေးပွဲတော်ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်နယ်စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယူနန်ပြည်နယ်ရှိ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ နှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများက ပွဲတော်ကာလအတွင်း လက်မှတ် ၈ သန်းကျော် ရောင်းထုတ်သွားမည် ဖြစ်ပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ယွမ်သန်း ၁၀၀ ကျော်(အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၁ သန်း) တန်ဖိုးရှိ လက်မှတ်များ ထုတ်ရောင်းသွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာန ခေါင်းဆောင် Li Chenyang က ပြောကြားခဲ့သည်။

ဈေးပွဲတော်အတွင်း လုပ်ငန်းပေါင်း ၁၀၀,၀၀၀ ကျော်က ပူးပေါင်းပါဝင်ရန် မျှော်လင့်ထားပြီး အွန်လိုင်း နှင့် အော့ဖ်လိုင်း နှစ်မျိုးလုံးတွင် အရောင်းမြှင့်တင်ရေးပွဲမျိုးစုံ ကျင်းပရန် အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယူနန်ပြည်နယ်သည် Lijiang မြို့ဟောင်း ၊ Hani စပါးလှေကားထစ်စိုက်ခင်းများကဲ့သို့သော UNESCO ကမ္ဘာ့အမွေအနှစ်နေရာ ငါးနေရာ အပါအဝင် ကြွယ်ဝသောခရီးသွားလုပ်ငန်းအရင်းအမြစ်များ ရှိသည်။ ယူနန်ပြည်နယ်သည် ပြည်တွင်း နှင့် နိုင်ငံခြားခရီးသွားဧည်သည် နှစ်ခုလုံးအား စွဲဆောင်စေသည့် တိုင်းရင်းသားလူမျိုးပေါင်း ၂၀ ကျော် နေထိုင်သည့် ပြည်နယ်လည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
China’s Yunnan to hold one-month shopping festival
Source: Xinhua Editor: huaxia 2022-06-15 16:10:16
KUNMING, June 15 (Xinhua) — China’s tourism hotspot Yunnan Province will hold a month-long shopping festival starting June 18 in an effort to boost consumption, the provincial commerce department said Wednesday.
Local governments and financial institutions in the southwestern province will issue over 8 million vouchers during the festival, while the commerce department will hand out vouchers worth over 100 million yuan (14.81 million U.S. dollars), said Li Chenyang, head of the commerce department.
Over 100,000 businesses are expected to participate in the shopping festival, offering a variety of promotional events both online and offline.
Yunnan Province boasts rich tourism resources, including five UNESCO world heritage sites, such as the Old Town of Lijiang and the Hani rice terraces. It is also home to over 20 ethnic groups, a fact that appeals to both domestic and foreign tourists. ■
Photo – Tourists visit the old town of Dali, southwest China’s Yunnan Province, March 3, 2021. (Xinhua/Chen Xinbo)