Connect with us

Media

တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအားဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နိုင်ငံပေါင်း ၆၉ နိုင်ငံဆို

ဂျနီဗာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ရှင်းကျန်း၊ ဟောင်ကောင်နှင့်တိဘက်အရေးကိစ္စများသည် တရုတ်နိုင်ငံ ၏ ပြည်တွင်းရေးသာဖြစ်ပြီး ထိုအရေးကိုဝင်ရောက်စွက်ဖက်မှုသည် လူ့အခွင့်အရေးကိုဆန့်ကျင်ရာရောက်ကာ စံနှုန်းနှစ်ဖက်မူဝါဒသဘောဖြစ်သည့်အပြင် လူ့အခွင့်အရေးခေါင်းစဉ် ဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိုကြားဝင်နှောင့်ယှက်ခြင်းသာဖြစ်ကြောင်း နိုင်ငံများစွာပါဝင်သည့်အဖွဲ့က ဇွန်လ ၁၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။

အကြိမ် (၅၀) မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ တွင်ဒေသတွင်း နိုင်ငံပေါင်း ၆၉ နိုင်ငံကို ကိုယ်စားပြုကာ ကျူးဘားနိုင်ငံမှ ဖတ်ကြားသည့်ပူးတွဲကြေညာချက်တွင် အဆိုပါ နိုင်ငံများသည် အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နိုင်ငံများ၏ နယ်မြေစိုးမိုးရေးကို အလေးထားရန်နှင့် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးရာကို ဝင်ရောက်စွက်ဖက်မှု မပြုခြင်းသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများကိုလိုက်နာသည့် ကိုယ်စားပြုရာရောက်ကြောင်း ဆိုသည်။

“ရှင်းကျန်း၊ ဟောင်ကောင် နဲ့ တိဘက်အရေးနဲ့ဆက်စပ်တဲ့ကိစ္စတွေဟာ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးတွေသာဖြစ်ပါတယ်၊ လူ့အခွင့်အရေးကိုဆန့်ကျင် ပြီး စံနှုန်းနှစ်ဖက်မူဝါဒသဘောသက်ရောက်တဲ့အပြင် လူ့အခွင့်အရေးခေါင်းစဉ်အောက်က တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုကြားဝင်နှောင့်ယှက်ခြင်း ကို မိမိတို့အနေနဲ့ ဆန့်ကျင်ကန့်ကွက်ပါတယ်

မိမိတို့အနေနဲ့ နိုင်ငံတိုင်းက ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်တွေ အခြေခံမူတွေဖြစ်တဲ့ အလုံးစုံပါဝင်မှု၊ သမာသမတ်ကျမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် ခွဲခြားခွဲခြားမလုပ်ဖို့ဆိုတဲ့ စည်းကမ်းတွေကို လေးစားလိုက်နာထိန်းသိမ်းဖို့ဖြစ်ပြီး နိုင်ငံတိုင်းက ပြည်သူတွေကို သူတို့ရဲ့ အမျိုးသားရေးအခြေအနေအလျောက်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လွတ်လပ်စွာရွေးချယ်ခွင့်ကိုလည်းလေးစားလိုက်နာရမှာဖြစ်ပါတယ်

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးတွေနဲ့ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးတွေကို မဖြစ်မနေထည့်သွင်းကာ လူ့အခွင့်အရေးအားလုံးကို တူညီစွာအလေးထားဆက်ဆံသင့်ပါတယ်

“ဒီကနေ့ကာလမှာ လူသားမျိုးနွယ်စုဟာ COVID-19 ကပ်ရောဂါအပါအဝင် စိန်ခေါ်မှုမြောက်မြားစွာကိုရင်ဆိုင်နေကြရပြီဖြစ်ပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း နိုင်ငံစုံပါဝင်မှုကို ကိုင်စွဲကာ၊ စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်လက်တွဲဆောင်ရွက်မှုကိုမြှင့်တင်ပြီး ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ပူးပေါင်း ကိုင်တွယ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုအဆင့်မြှင့်ပြီး လူ့အခွင့်အရေးတွေကိုတိုးမြှင့်ကာကွယ်သွားကြရမှာဖြစ်တယ်” ဟုဆိုသည်။ (Xinhua)

……………………

(English Version)

GLOBALink | 69 countries say no to interference in China’s internal affairs

A group of countries said on Tuesday that issues concerning Xinjiang, Hong Kong and Tibet are China’s internal affairs, expressing opposition to politicization of human rights, double standards and interference in China’s internal affairs under the pretext of human rights.

In a joint statement read by Cuba on behalf of 69 cross-regional countries at the ongoing 50th session of the UN Human Rights Council, these countries said that respect for sovereignty, independence and territorial integrity of states and non-interference in internal affairs of sovereign states represent basic norms governing international relations.

SOUNDBITE (English): Cuba’s representative

“Xinjiang, Hong Kong and Tibet related issues are China’s internal affairs. We oppose politicization of human rights and double standards, or interference in China’s internal affairs under the pretext of human rights.

We maintain that all parties should abide by the purposes and principles of the Charter of the United Nations, adhere to the principles of universality, impartiality, objectivity and non-selectivity, and respect the right of the people of each state to choose independently the path for development in accordance with their national conditions. All human rights should be treated with the same emphasis, with sufficient importance attached to economic, social and cultural rights and the right to development in particular.

 

Today human beings are faced with multiple challenges including the COVID-19 pandemic. The international community should uphold multilateralism, strengthen solidarity and coordination, and respond jointly to global challenges, advance world peace and development, and promote and protect human rights.”