Connect with us

China

တရုတ်နိုင်ငံ၏ မရွှေ့မပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုက ဇန်နဝါရီလမှ မေလအထိ ၆.၂ ရာခိုင်နှုန်းမြင့်တက်လာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၊ လုံလီခရိုင်ရှိ Duohua အဓိကတံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ယခုနှစ် ပထမငါးလအတွင်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း တရားဝင်အချက်အလက်များက ဇွန် ၁၅ ရက်၌ ဖော်ပြထားသည်။

မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ပထမငါးလအတွင်း ယမန်နှစ်ကထက် ၆.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ရာ ယွမ် ၂၀.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၀၅ ထရီလီယံ) အထိရောက်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါ တိုးတက်မှုသည် ပထမလေးလအတွင်းရှိခဲ့သော တိုးတက်မှု ၆.၈ ရာခိုင်နှုန်းမှ ကျဆင်းလာခဲ့ခြင်းလည်း ဖြစ်သည်။ မေလတွင်မူ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ဧပြီလကထက် ၀.၇၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလမှ မေလအထိ ပုဂ္ဂလိကကဏ္ဍမှ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်ကထက် ၄.၁ ရာခိုင်နှုန်း၊ ယွမ် ၁၁.၇၁ ထရီလီယံအထိ မြင့်တက်လာခဲ့သည်။

ကိုဗစ်-၁၉ (COVID-19) ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေသည့်ကြားမှ အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံမှုမှာ ယမန်နှစ်ကထက် ၆.၇ ရာခိုင်နှုန်းနှင့် ၁၀.၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် နည်းပညာမြင့် ကုန်ထုတ်လုပ်ခြင်းနှင့် နည်းပညာမြင့် ဝန်ဆောင်မှုကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုမှာလည်း တိုးတက်မှုအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကာ ယမန်နှစ်ကထက် ၂၄.၉ ရာခိုင်နှုန်းနှင့် ၁၀.၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း NBS အချက်အလက်များတွင် ဖော်ပြထားသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများတွင်လည်း ယင်းကာလအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၇.၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းဖြင့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ၏ အဆိုးဘက်သက်ရောက်မှုမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေဆဲဖြစ်သဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူမှုအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း NBS ပြောခွင့်ရပုဂ္ဂိုလ် Fu Linghui က သတိပေးခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုသည် တိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်မှာ အစဉ်အလာပင်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုခြင်းနှင့် စီးပွားရေးအပေါ် အကျဘက်ဖိအား မြင့်တက်လာခြင်းကို ရင်ဆိုင်ရာဝယ် တရုတ်နိုင်ငံသည် ယခင်လက ထုတ်ပြန်ခဲ့သော စီမံဆောင်ရွက်မှုများစွာဖြင့် ထိရောက်သော ရင်းနှီးမြှုပ်နှံမှု၏ အခန်းကဏ္ဍကို အလေးအနက်ထားခဲ့သည်။

“တိုးတက်မှုအလားအလာတွေ အသက်ဝင်လာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ စီးပွားရေးတင်ဆက်မှုက ဇွန်လမှာ ထပ်မံတိုးတက်လာမယ်လို့ မျှော်လင့်ထားတယ်” ဟု Fu က ဆိုသည်။ (Xinhua)

……………………….
(English Version)

China’s fixed-asset investment expands 6.2 pct in January-May
Source: Xinhua
Editor: huaxia
2022-06-15 15:51:30
BEIJING, June 15 (Xinhua) — China’s fixed-asset investment saw steady growth in the first five months of this year, official data showed Wednesday.
Fixed-asset investment jumped 6.2 percent from a year earlier to 20.6 trillion yuan (about 3.05 trillion U.S. dollars) in the first five months, the National Bureau of Statistics (NBS) said in a statement.
The growth slowed from a 6.8-percent increase registered in the first four months. In May, fixed-asset investment picked up 0.72 percent from a month earlier.
From January to May, fixed-asset investment from the private sector increased 4.1 percent from a year earlier to 11.71 trillion yuan.
Despite COVID-19 resurgences, investment in infrastructure and manufacturing gained 6.7 percent and 10.6 percent year on year, respectively.
Investment into the high-tech manufacturing and high-tech services sectors sustained growth momentum, jumping 24.9 percent and 10.8 percent year on year, NBS data showed.
The healthcare and education sectors also saw investment rise 27.8 percent and 9 percent during the period.
NBS spokesperson Fu Linghui cautioned that while the negative impact of COVID-19 continues to wane, challenges still lie ahead for China’s economic recovery as the international environment remains complex.
Investment has traditionally been a key engine for growth. In the face of COVID-19 flare-ups and increasing downward pressure on the economy, China has underlined the role of effective investment with a package of measures unveiled last month.
“China’s economic performance is expected to further improve in June, as the pro-growth measures are taking effect,” Fu said. ■
Photo : Aerial photo taken on June 14, 2022 shows the construction site of Duohua super major bridge in Longli County, southwest China’s Guizhou Province. (Xinhua/Yang Wenbin)