Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်းနေ

ဒါကာ ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ နေရာအနှံ့အပြား၌ စက်တင်ဘာ ၁၄ ရက်က မိုးအသင့်အတင့်မှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေနိမ့်ပိုင်းနေရာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ လမ်းသွားလာမှုများ အခက်အခဲဖြစ်ခဲ့သည်။

မြို့နေရာအနှံ့ လမ်းမကြီးများ ၊ လမ်းသွယ်များနှင့် လမ်းကျဉ်းများတွင် ရေကြီးရေလျှံမှုကြောင့် ခြေကျင်းဝတ်မှဒူးခေါင်းအထိ ရေဖုံးလွှမ်းခဲ့ရာ ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မိုးလေဝသဌာနက စက်တင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီအထိ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဒါကာမြို့၌ မိုးရေချိန် ၅၃ မီလီမီတာရွာသွန်းခဲ့ကြောင်း ၊ နိုင်ငံတစ်ဝန်း မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မိုးအသင့်အတင့်မှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာမည့် ၂၄ နာရီအတွင်း သီးခြားနေရာများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေနှင့်အတူ ဒါကာမြို့နှင့် ဆင်ခြေဖုံးနေရာများတွင် မိုးအသင့်အတင့်မှ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မိုးလေဝသဌာနက ခန့်မှန်းထားခြင်းကြောင့် နောက်ထပ်မိုးကောင်းသည့်နေ့ရက်များအား တွေ့မြင်ရဖွယ် ရှိကြောင်း သိရသည်။ (Xinhua)
……………………………………………………

(English Version)

Incessant rains lash parts of Bangladeshi capital

Moderate to heavy rains lashed parts of the Bangladeshi capital Dhaka on Wednesday, inundating low-lying areas and disrupting road traffic.

Roads, lanes and by-lanes in parts of the city went under ankle-to-knee deep water, causing difficulties for commuters.

The country’s meteorological office said it recorded 53 mm rainfall in Dhaka in the last 24 hours till 6:00 a.m. local time on Wednesday morning. There was also moderate to heavy rains across Bangladesh, as monsoon is active over the country.

Dhaka is likely to witness another wet day as the Bangladesh Meteorological Department (BMD) has predicted moderate to heavy rains in the city and suburbs, with a possibility of extremely heavy rainfall at isolated places in the next 24 hours.
Xinhua News Agency correspondents reporting from Dhaka.
(XHTV)