Connect with us

Media

ကမ္ဘာ့ ပထမဆုံး အေးခဲဒေသ မြန်နှုန်းမြင့်ရထားတွင် ခရီးသည်များ၏ ခရီးစဉ် သန်းပေါင်း ၆၇၀ ပြေးဆွဲခဲ့ပြီးဖြစ်

ဟာအယ်ပင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ဆောင်းရာသီကာလ အပူချိန်နိမ့်အခြေအနေ၌ ပြေးဆွဲနေသော ကမ္ဘာ့ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်း ဖြစ်သည့် တရုတ်နိုင်ငံ ဟာအယ်ပင်း-တာ့လျန် မြန်နှုန်းမြင့် ရထားသည် ပြီးခဲ့သည့် ၁၀ နှစ်ကြာကာလတွင် ခရီးသည်များ၏ ခရီးစဉ် သန်းပေါင်း ၆၇၀ ပြေးဆွဲခဲ့ ပြီး ဖြစ်ကြောင်း သိရသည်။

၉၂၁ ကီလိုမီတာ အရှည်ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်း ပြေးဆွဲနိုင်အောင် ဒီဇိုင်းရေးဆွဲထားသော အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် ၃ ခုကို ဖြတ်သန်းသွားသည်။

ရထားခရီးစဉ် ဖြတ်သန်းသွားသော နေရာသည် ဆောင်းရာသီကာလတွင် အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသော နေရာဖြစ်သည်။

“ရထားလမ်းခွဲနဲ့သံလမ်းပေါ်မှာ လျှပ်စစ်အပူပေးနှင့်နှင်းပျော်စေမယ့် စက်ပစ္စည်းတွေ တပ်ဆင်ထားပါတယ်။ နှင်းကျပြီဆိုတာနဲ့ ဒါတွေက စပြီး အလုပ်လုပ်ပါလိမ့်မယ်။ ဆီးနှင်းတွေများလာရင် စိတ်ချရအောင် ရထားပုံမှန်လည်ပတ်နိုင်အောင် ကျွန်တော်တို့က လျှပ်စစ်အပူပေးမှုရော လူလုပ်အားနဲ့ နှင်းရှင်းလင်းမှုကိုရော နှစ်မျိုးလုံးလုပ်ပါတယ်။ ” ဟု ဟာအယ်ပင်း-တာ့လျန် မြန်နှုန်းမြင့်ရထားလမ်း ချန်ချွန်းအပိုင်း ရထားဝန်ထမ်းတစ်ဦး ဖြစ်သည့် ဝမ်ဟုန်ထောင်းက ဆိုသည်။

ဟာအယ်ပင်း-တာ့လျန် မြန်နှုန်းမြင့်ရထားလမ်း စိန်ရန်အပိုင်း ရထားဝန်ထမ်းတစ်ဦး ဖြစ်သည့် ထန်ယွင်ဖုန်က “လက်ရှိ ဟာအယ်ပင်း-တာ့လျန် မြန်နှုန်းမြင့်ရထားလမ်းမှာ အခြေခံအဆောက်အအုံ၊ ရွှေ့လျားစက်ပစ္စည်း၊ ဘက်စုံ စစ်ဆေးမှု၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့လျှော့ချရေး၊ အရေးပေါ်ကယ်ဆယ်ရေး စတဲ့ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်ပုံစံကျပြီး ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသ လုံခြုံစိတ်ချမှု အာမခံစနစ် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒါတွေက အပူချိန်နိမ့်ဒေသ မြန်နှုန်းမြင့်ရထားလမ်း ကမ္ဘာ့နည်းပညာ လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်တာဖြစ်သလို ဟာအယ်ပင်း-တာ့လျန် မြန်နှုန်းမြင့်ရထားလမ်းရဲ့ လုံခြုံထိရောက်စွာ လည်ပတ်နိုင်ရေးအတွက် အာမခံချက်လည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သော ၁၀ စုနှစ် တစ်ခုကျော်ကြာ ကာလတွင် အဆိုပါရထားလမ်း၏လုံခြုံမှုရှိစွာ လည်ပတ်မှုက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခဲ့သည်။ (Xinhua)

…………………………………………..

(English Version)

GLOBALink | 670 mln passengers trips handled by world’s 1st high-speed railway in cold region

China’s Harbin-Dalian High-speed Railway, the world’s first high-speed rail line operating at low temperatures in winter, has handled 670 million passenger trips since it was launched 10 years ago.

The 921-km-long railway runs through three provinces in northeast China with a designed speed of 300 km per hour.
It travels through areas where the temperature drops to as low as minus 40 degrees Celsius in winter.

WANG HONGTAO
Staff member of Changchun section, Harbin-Dalian High-speed Railway
The Harbin-Dalian High-speed Railway is equipped with electric heating and snow melting devices on switches and tracks.
They will start to work once it snows.If there is a lot of snow, we will also adopt the “double insurance” of electric heating and manual snow removal to ensure the normal running of trains.

TANG YUNPENG
Staff member of Shenyang section, Harbin-Dalian High-speed Railway

At the present the Harbin-Dalian High-speed Railway has formed a safety management system integrating infrastructure, mobile equipment, comprehensive detectiion, disaster preventiion and reduction , emergency rescue. It has established a supportive safety guarantee system in cold regions.
These help fill the technical gaps of low-temperature operation of high-speed railways in the world and ensure the safe and orderly operation of Harbin-Dalian High-speed Railway.

Over the past decade, the safe operation of the rail line has boosted the economic and social development of northeast China.
Produced by Xinhua Global Service