Connect with us

Videos

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သစ် (ICBM) စမ်းသပ်ပစ်ခတ်

ပြုံယမ်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်း၏ ကြီးကြပ်မှုဖြင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အသစ်တစ်စင်းကို နိုဝင်ဘာ ၁၈ ရက်တွင် အရှေ့ပိုင်းရေပြင်ဆီသို့ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အစိုးရ သတင်းအေဂျင်စီ Korean Central News Agency (KCNA) က နိုဝင်ဘာ ၁၉ ရက်၌ သတင်းဖော်ပြခဲ့သည်။ICBM Hwasongpho-17 ဒုံးကျည်ပုံစံအသစ်ကို ပြုံယမ်း နိုင်ငံတကာလေဆိပ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသော အရှေ့ပိုင်းရေပြင်ဧရိယာဆီသို့ မရောက်ရှိမီ အကွာအဝေး ၉၉၉.၂ ကီလိုမီတာကို အချိန် ၄,၁၃၅ စက္ကန့်အတွင်း ပျံသန်းခဲ့ကြောင်း သတင်းက ဆိုသည်။ အဆိုပါ စမ်းသပ်ပစ်ခတ်မှုမှာ မဟာဗျူဟာမြောက် လက်နက်စနစ်သစ်၏ စိတ်ချရမှုနှင့် အားကောင်းသော တိုက်ခိုက်တင်ဆက်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။

………………………………………………

DPRK test-fires new ICBM, KCNA
The Democratic People’s Republic of Korea (DPRK) test-fired a new intercontinental ballistic missile (ICBM) toward eastern waters on Friday, under the inspection of its top leader Kim Jong Un, the official Korean Central News Agency (KCNA) reported Saturday.
The new-type ICBM Hwasongpho-17 was launched at the Pyongyang International Airport and traveled a distance of 999.2 km for 4,135 seconds, before accurately landing on a preset area in eastern open waters, the report said, lauding the test-fire as a clear verification of the reliability and powerful combat performance of the new strategic weapon system.