Connect with us

Media

အမေရိကန်တွင် ကြီးမားသည့်ပြဿနာများဖြစ်သည့် လူကုန်ကူးမှုနှင့် အဓမ္မလုပ်အားခိုင်းစေမှုများကို ကိန်းဂဏန်းများက ဖော်ပြနေ

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
လူပေါင်း ၁သိန်းနီးပါးသည် အဓမ္မ လုပ်အားခိုင်းစေရန် အမေရိကန်နိုင်ငံသို့ နှစ်စဉ် လူမှောင်ခိုကူးခြင်းခံနေရသည်။ အမေရိကန်တွင် ကြီးမားသည့်ပြဿနာများဖြစ်သည့်လူကုန်ကူးမှုနှင့် အဓမ္မလုပ်အားခိုင်းစေမှု ကိန်းဂဏန်းအချက်အလက်များမှ တစ်ဆင့် လေ့လာကြည့်နိုင်သည်။
အမေရိကန်နိုင်ငံသည် လက်ရှိ အချိန်အထိ သမိုင်းတစ်လျှောက် ကျွန် ကုန်ကူးခြင်း လုပ်ဆောင်သည့် မူလအရင်းအမြစ်ဖြစ်ကြောင်း သမိုင်းကြောင်းဆိုင်ရာ သိရှိထားကြပြီးဖြစ်ကြောင်းနှင့် ယနေ့အထိတိုင်အောင်လည်း လူကုန်ကူးမှုများနှင့် အဓမ္မလုပ်အားခိုင်းစေခြင်းပြဿနာကြီးကြီးမားမားရှိသည့် နိုင်ငံအဖြစ်လည်း ရှိနေဆဲပင်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မကြာသေးမီက ပြောကြားခဲ့သည်။
“အမေရိကန် ရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ ကလေးသူငယ်ပေါင်းမြောက်များစွာ လုပ်ကိုင်နေကြရပြီး အဲဒီထဲက အများစုဟာ အသက် ၈ နှစ်လောက်နဲ့ လုပ်ငန်းခွင်ဝင်နေကြသူတွေဖြစ်ပါတယ်၊ အကြမ်းဖျင်းအားဖြင့် အမေရိကန်မှာ အမျိုးသမီး နဲ့ ကလေးပေါင်း ၂၄၀,၀၀၀ ဦး ကနေ ၃၂၅,၀၀၀ ဦး ဟာ လိင်အကြမ်းဖက်မှု သားကောင်တွေဖြစ်ကြရပါတယ်၊ အမေရိကန်မှာ ပြည်သူ ၁သိန်းကျော်လောက်ဟာ သီးသန့် အကျဉ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းချ ခံထားရပြီး တော့ သူတို့ ကို ပြင်းပြင်းထန်ထန် အလုပ်စေခိုင်းမှုတွေရှိပြီး အချိန်ကြာမြင့်စွာ လုပ်ခလစာ အလွန်နည်းပါးစွာပေးပြီး ခိုင်းစေထားတာတွေရှိနေတယ်”ဟု ပြောခွင့်ရပုဂ္ဂိုလ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………………..

(English Version)
GLOBALink | Figures unveil serious problems of human trafficking, forced labor in U.S.

BEIJING, June 27 (Xinhua) –Nearly 100,000 people are smuggled into the U.S. for forced labor every year. Take a glimpse at the figures that reveal serious problems of human trafficking and forced labor in the U.S.
The U.S. is known historically for its original sin of engaging in the slave trade and still has serious problems of human trafficking and forced labor today, said a Chinese Foreign Ministry spokesperson recently.

“There is a large number of child farmworkers in the US and many of them started working as young as 8. Roughly 240,000 to 325,000 women and children in the U.S. are victims of sexual slavery. More than 100,000 people in the U.S. were detained in private prisons at some point and they are forced to take up intense and low-paid labor for long periods of time,” added the spokesperson.

Produced by Xinhua Global Service