Connect with us

Videos

အာဖဂန်နစ္စတန်နိုင်ငံက ငွေကြေးအကူအညီ နောက်ထပ်အမေရိကန်ဒေါ်လာ သန်း ၄၀ လက်ခံရရှိ

ကဘူးလ် ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံသည် ချို့တဲ့နေသည့် စီးပွားရေးအား မြှင့်တင်ရာတွင် ငွေကြေးအကူအညီ နောက်ထပ်အမေရိကန်ဒေါ်လာသန်း ၄၀ အား နိုဝင်ဘာ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ် Da Afghanistan ဘဏ်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“Da Afghanistan ဘဏ်က ငွေသား အမေရိကန်ဒေါ်လာသန်း ၄၀ ကို ဒီနေ့မှာ လက်ခံရရှိခဲ့ပြီးတော့ စီးပွားရေးဘဏ်တစ်ခုသို့ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်တွင် Da Afghanistan ဘဏ်သည် ဘဏ်စနစ်မှတစ်ဆင့် ငွေလွှဲပြောင်းရေးအတွက် တောင်းဆိုခဲ့ပြီး အာဖဂန်နစ္စတန်ဗဟိုဘဏ်က ကမ္ဘာတစ်ဝန်းရှိ ဘဏ်များနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့်အတူ ငွေကြေးကိစ္စများ ဆောင်ရွက်လိုကြောင်း မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် Da Afghanistan ဘဏ်သို့ နိုင်ငံတကာအသိုင်းအဝိုင်းက လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ငွေကြေးဖြည့်သွင်းခြင်းသည် စစ်ဘေးဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံအား စီးပွားရေးပြိုလဲမှုမှ ကာကွယ်ရန် ၎င်းတို့၏ နိုင်ငံခြားအရန်ငွေကြေးအား တိုးလာရေးအတွက် ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဦးဆောင်သည့် ပြည်ပတပ်ဖွဲ့ဝင်များ ရုပ်သိမ်းသွားပြီး တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံအား လွှဲပြောင်းယူချိန်မှစတင်ကာ အာဖဂန်နစ္စတန်နိုင်ငံရှိ ဘဏ်စနစ်သည် ရှုပ်ထွေးသောအနေအထားသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-

Afghanistan receives another batch of 40 mln USD cash aid

Afghanistan on Tuesday received another batch of 40 million U.S. dollars of cash aid aimed at bolstering the country’s impoverished economy, said a statement from the Da Afghanistan Bank (DAB), the country’s central bank.
“The Da Afghanistan Bank receives a batch of 40 million U.S. dollars in cash today and was deposited to a commercial bank,” the statement said.
In the statement, DAB also called for money transfer via banking system, notin

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.