Connect with us

Videos

နိုင်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံး ပင်လယ်ရေနက်ဆိပ်ကမ်းကို တရုတ်ကုမ္ပဏီ လွှဲပြောင်းပေးအပ်

လာဂို့စ် ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆိပ်ကမ်းအင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီလီမိတက် (CHEC) သည် နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်ချာကျသည့် လာဂို့စ်မြို့၌ ပင်လယ်ရေကြောင်းစီမံကိန်းကြီး ပြီးမြောက်ခဲ့ပြီးနောက် နိုင်ဂျီးရီးယား၏ ပထမဆုံးပင်လယ်ရေနက်ဆိပ်ကမ်းအား အစိုးရအဖွဲ့ထံသို့ နိုဝင်ဘာ ၁ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Cui Jianchun က တရုတ် ၊ ပြင်သစ် နှင့် နိုင်ဂျီးရီးယားတို့အကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးစီမံကိန်းတစ်ခုအဖြစ် Lekki ဆိပ်ကမ်းသည် အာဖရိကရှိ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အလွန်အရေးပါကြောင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

CHEC က တည်ဆောက်ခဲ့သည့် Lekki ပင်လယ်ရေနက်ဆိပ်ကမ်းသည် နိုင်ဂျီးရီးယားနိုင်ငံရှိ အကြီးဆုံး ပင်လယ်ဆိပ်ကမ်း ဖြစ်သလို အနောက်အာဖရိကတွင်လည်း အကြီးမားဆုံး ဆိပ်ကမ်းများအနက် တစ်ခုဖြစ်သည်။ ဆိပ်ကမ်းတည်ဆောက်မှုအား ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် စတင်ခဲ့ပြီး နှစ်စဉ် ကုန်သေတ္တာ ၁ ဒသမ ၂ သန်း ကိုင်တွယ်ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားခဲ့ကြောင်း သိရသည်။

လာဂို့စ်ပြည်နယ် အုပ်ချုပ်ရေးမှူး BABAJIDE SANWO-OLU က “ဒီဆိပ်ကမ်းသစ်က လာဂို့စ်ကို အနောက်အာဖရိကတင်မကဘူး ဗဟို နဲ့ အနောက်အာဖရိကဒေသတစ်ခုလုံးအထိ ပင်လယ်ရေကြောင်းထောက်ပံ့ပို့ဆောင်ရေးအချက်အချာနေရာအသစ် တစ်ခုအဖြစ် နေရာယူသွားပါလိမ့်မယ်။ နောက်ပြီးတော့ နိုင်ဂျီးရီးယားနိုင်ငံကို အာဖရိကတိုက် လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်အောက်မှာ စီးပွားရေးဦးဆောင်မှုအလားအလာ အပြည့်အဝ ရရှိရေးအတွက် နေရာယူသွားမှာလည်း ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းအသစ်သည် လာမည့်နှစ်များအတွင်း နိုင်ဂျီးရီးယားနိုင်ငံ၌ အလုပ်အကိုင်ပေါင်း ၂၀၀,၀၀၀ နီးပါးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ၊ နိုင်ငံ၏ စီးပွားရေး အလားအလာများအား ဖော်ထုတ်ပေးနိုင်မည် ဖြစ်ကာ နိုင်ငံ၏ အခွန်ဘဏ္ဍာအား မြှင့်တင်နိုင်မည် ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ (Xinhua)

——————————

Chinese company hands over Nigeria’s first deep sea port
China Harbor Engineering Company Ltd. (CHEC) on Monday handed over Nigeria’s first deep sea port to the government after the completion of the huge maritime project in the country’s economic hub city of Lagos.
At the handing-over ceremony, Cui Jianchun, Chinese ambassador to Nigeria, said as a commercial project of tripartite cooperation between China, France and Nigeria, Lekki port is of great significance for promoting the Belt and Road cooperation in Africa.
Constructed by the CHEC, the Lekki Deep Sea Port is the largest seaport in Nigeria, and one of the biggest in West Africa. The construction of the port commenced in June 2020, and is designed to handle 1.2 million standard containers annually.
SOUNDBITE (English): BABAJIDE SANWO-OLU, Governor of Lagos State
“This new port will position Lagos as a new maritime logistics hub, not only in West Africa, but in the whole Central and West African region, while also positioning our country Nigeria to attain full economic leadership potential under the Africa Continental Free Trade Agreement.”
The governor added that the newly completed project will create nearly 200,000 direct and indirect jobs in Nigeria in the coming years, unlock the country’s economic potential, and boost the country’s revenue.
Xinhua News Agency correspondents reporting from Lagos, Nigeria.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.