Connect with us

Videos

Shenzhou-14 အာကာသယာဉ်မှူးများ မုန့်ထျန်း လက်တွေ့စမ်းသပ်ခန်း မော်ဂျူးသို့ ဝင်ရောက်

ပေကျင်း ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

Shenzhou-14 အာကာသယာဉ်မှူးများသည် တရုတ်နိုင်ငံ အာကာသစခန်း ထျန်းကုန်း(Tiangong)၏ မုန့်ထျန်း လက်တွေ့စမ်းသပ်ခန်း မော်ဂျူးသို့ နိုဝင်ဘာ ၃ ရက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင် အောင်မြင်စွာဝင်ရောက်သွားခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA)ထံမှ သိရသည်။ထို့နောက်တွင် အာကာသစခန်းအတွင်းရှိ Shenzhou-14 အာကာသယာဉ်မှူးများသည် Tianzhou-5 ကုန်တင်ယာဉ် နှင့် Shenzhou-15 လူလိုက်ပါသည့် အာကာသယာဉ် နောက်ဆက်တွဲရောက်ရှိလာမှုအား ကြိုဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

Shenzhou-14 နှင့် Shenzhou-15 အာကာသယာဉ်မှူးများသည် တရုတ်နိုင်ငံ၏ အာကာသသမိုင်းတွင် ပထမဆုံး ဂြိုဟ်ပတ်လမ်းအတွင်း အလှည့်ကျတာဝန်ထမ်းဆောင်ခြင်း ပြုလုပ်သွားမည် ဖြစ်သည်။

မုန့်ထျန်းလက်တွေ့စမ်းသပ်ခန်းမော်ဂျူးသည် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဂြိုဟ်ပတ်လမ်းအတွင်း ကူးပြောင်းမှု အောင်မြင်စွာပြီးစီးခဲ့သည်။
အာကာသစခန်း၏ အခြေခံ T ပုံသဏ္ဌာန်ဖွဲ့စည်းမှုပုံစံ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တရုတ်နိုင်ငံ အာကာသစခန်း တည်ဆောက်ပြီးစီးရေးအတွက် အဓိကခြေလှမ်းတစ်ရပ်အား ကိုယ်စားပြုကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အောက်တိုဘာ ၃၁ ရက်တွင် မုန့်ထျန်းလက်တွေ့စမ်းသပ်ခန်းမော်ဂျူးအား လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ အာကာသစခန်း တည်ဆောက်မှုသည် နောက်ဆုံးအပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————-

Shenzhou-14 astronauts enter Mengtian lab module
According to the China Manned Space Agency (CMSA), the Shenzhou-14 astronauts successfully entered the Mengtian lab module of China’s space station Tiangong at 3:12 p.m. (Beijing Time) on Thursday.
Following up, the Shenzhou-14 crew in the space station will welcome the subsequent arrival of the Tianzhou-5 cargo craft and Shenzhou-15 crewed spaceship.
The Shenzhou-14 and Shenzhou-15 crew members will then conduct the first in-orbit crew rotation in China’s space history.
M

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.