Connect with us

Videos

အီဂျစ်နိုင်ငံတွင် ရှေးဟောင်းကျောက်သားဥမင်လိုဏ်ခေါင်း ရှာဖွေတွေ့ရှိ

ကိုင်ရို၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းပစ္စည်းများဆိုင်ရာ ဝန်ကြီးဌာနက အီဂျစ်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သော Alexandria တွင် မြေမျက်နှာပြင်အောက် ၁၃ မီတာ၌ ကျောက်သားဥမင်လိုဏ်ခေါင်းတစ်ခု၊ ဦးခေါင်းပုံသဏ္ဌာန် စကျင်ကျောက်နှစ်ခုနှင့် အိုး အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၃ ရက်က ကြေညာခဲ့သည်။အီဂျစ်-ဒိုမီနီကန် ရှေးဟောင်းသုတေသန လုပ်ငန်းတစ်ခုက Taposiris Magna ဘုရားကျောင်းအတွင်း ဥမင်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဘုရားကျောင်းမှာ ဘီစီ ၂၈၀ နှင့် ၂၇၀ ကြား Pharaoh Ptolemy II Philadelphus က တည်ဆောက်ခဲ့သော မြို့တစ်မြို့ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားပြီး အဆိုပါ ဥမင်မှာ အရှည် ၁,၃၀၅ မီတာနှင့် အမြင့် ၂ မီတာ ရှိကြောင်း သိရသည်။

ဥမင်ဆိုင်ရာ တူးဖော်ရေးလုပ်ငန်းများနှင့် ရှေးဟောင်းသုတေသန လေ့လာရေးအတွင်း ဥမင်၏ တစ်စိတ်တစ်ပိုင်းကို မြေထဲပင်လယ်အောက် နစ်မြုပ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ (Xinhua)

#Egypt #Stone #Tunnel #Ancient #Xinhua #Myanmar #XinhuaMyanmar #အီဂျစ် #ကျောက်သား #ဥမင်လိုဏ်ခေါင်း #ရှေးဟောင်း #ဆင်ဟွာ
………………………………………………
Ancient stone tunnel discovered in Egypt
The Egyptian Ministry of Tourism and Antiquities announced on Thursday the discovery of a stone tunnel, 13 meters beneath the land surface, two alabaster heads, and several potteries in the coastal city of Alexandria, northern Egypt.

An Egyptian-Dominican archaeological mission found the tunnel in the temple of Taposiris Magna, which was a city established by Pharaoh Ptolemy II Philadelphus between 280 and 270 BC, the ministry said in a statement, adding that the tunnel is 1,305 m in length and 2 m in height.

During the excavations and the archaeological survey of the tunnel, a part of the tunnel was discovered submerged under the water of the Mediterranean Sea, the statement said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.