Connect with us

Media

တရုတ်နိုင်ငံက ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုတစ်စင်းအား ထပ်မံလွှတ်တင်

ကျိုချွမ်၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက အာကာသအတွင်းသို့ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်စင်းအား Long March-2D ဒုံးပျံဖြင့် အောက်တိုဘာ ၁၅ ရက်တွင် တင်ဆောင်လွှတ်တင်ခဲ့ကြောင်း သိရသည်။

Yunhai-1 04 ဂြိုဟ်တုအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၈ နာရီ ၅၄ မိနစ်တွင် လွှတ်တင်ခဲ့ပြီး မကြာမီတွင် ကြိုတင်သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

ယင်းဂြိုဟ်တုသည် ကမ္ဘာ့လေထု ၊ ပင်လယ်ရေကြောင်း ၊ အာကာသပတ်ဝန်းကျင် ၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေး ၊ သိပ္ပံဆိုင်ရာလက်တွေ့သုတေသနတို့တွင် ဆန်းစစ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၄၉၁ ကြိမ်မြောက် ဖြစ်ကြောင်း လွှတ်တင်ရေးစင်တာက ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
China launches one more Earth-observing satellite

China on Sunday launched a Long March-2D rocket placing a new Earth-observing satellite into space.

Coded Yunhai-1 04, the satellite was lifted at 8:54 a.m. (Beijing Time) from the Jiuquan Satellite Launch Center in northwest China and soon entered the preset orbit.

It will provide services for the detection of the atmospheric, marine and space environments, disaster prevention and mitigation, and scientific experiments.

The launch marked the 491st mission for the Long March rocket family, said the launch center.

Xinhua News Agency correspondents reporting from Jiuquan, China.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.