Connect with us

Media

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဂါဇာအရေး ဆုံးဖြတ်ချက်ချမှတ်ရန် မအောင်မြင်

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ဂါဇာဒေသ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုထားသည့် ရုရှားနိုင်ငံက ရေးဆွဲထားသော ဆုံးဖြတ်ချက်မူကြမ်းအား ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အောက်တိုဘာ ၁၆ ရက်က အတည်ပြုရန် မအောင်မြင်ခဲ့ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းသည် ထောက်ခံမဲ ငါးမဲ ၊ ကန့်ကွက်မဲ လေးမဲ နှင့် ကြားနေ ခြောက်မဲ ရရှိခဲ့ကြောင်း သိရသည်။
ဆုံးဖြတ်ချက်အတွက် ထောက်ခံမဲပေးရာတွင် ရုရှားနိုင်ငံနှင့်အတူ တရုတ်နိုင်ငံ ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ၊ မိုဇမ်ဘစ်နိုင်ငံနှင့် ဂါဘွန်နိုင်ငံတို့က ပါဝင်ခဲ့သည်။ အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ ၊ ပြင်သစ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့သည်။ အခြားခြောက်နိုင်ငံက ကြားနေခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ခုအား အတည်ပြုရန် ထောက်ခံမဲ အနည်းဆုံး ၉ မဲ လိုအပ်ပြီး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံက ဗီတိုအာဏာ အသုံးမပြုရကြောင်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia က ၎င်းတို့ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မဲရလဒ်အား အလွန်စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
UN Security Council fails to adopt resolution on Gaza
The UN Security Council on Monday failed to adopt a Russian-drafted resolution that calls for a humanitarian ceasefire in Gaza.
The draft resolution obtained five votes in favor and four against, with six abstentions.
Four countries joined Russia in voting for the resolution — China, the United Arab Emirates, Mozambique and Gabon. Four countries voted against it — the United States, Britain, France and Japan. The other six countries abstained.
To be adopted, a Security Council resolution needs at least nine votes in favor and no veto from any of the council’s five permanent members.
Russia’s permanent representative to the United Nations Vassily Nebenzia said his delegation was deeply disappointed at the result of the vote.
Xinhua News Agency correspondents reporting from UN Headquarters.(XHTV)