Connect with us

China

လူသားမျိုးနွယ်သည် ကံကြမ္မာအကျိုးတူ အေးအတူ ပူအမျှ အသိုက်အဝန်းဖြစ်ကြောင်း သမ္မတ ရှီပြော

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

လူသားမျိုးနွယ်ဟူသည်မှာ ကံကြမ္မာအကျိုးတူ အေးအတူ ပူအမျှ အသိုက်အဝန်းဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။
“ကမ္ဘာကြီး သာယာကောင်းမွန်မှသာ တရုတ်နိုင်ငံကလည်း သာယာကောင်းမွန်နိုင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ သာယာကောင်းမွန်မှသာ ကမ္ဘာကြီး ပိုမိုသာယာကောင်းမွန်လာမှာ ဖြစ်ပါတယ်” ဟု ရှီက ပြောခဲ့သည်။

ရပ်ဝန်းနှင့် ပိုးလမ်းမမှတစ်ဆင့် တရုတ်နိုင်ငံသည် ကမ္ဘာကြီးအား ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်လှစ်လျက်ရှိသလို ကုန်းတွင်းပိုင်းဒေသများကိုလည်း “နောက်တန်း” မှ “ရှေ့တန်း” သို့ ပြောင်းလဲတိုးတက်လာခဲ့ပြီး ကမ်းရိုးတန်းဒေသများမှာလည်း တံခါးဖွင့်ဝါဒ၌ တိုးတက်မှုအသစ်များ မြှင့်တင်လျက်ရှိကြောင်း သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်၏ အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်လာကာ နိုင်ငံများစွာအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်လည်း ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်နိုင်ငံရှိ ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ခုလုံးသည် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်စိတ်ချမှုနှင့် မျှော်လင့်ချက်များကို မြှင့်တင်ပေးလျက်ရှိကြောင်း ရှီက ဆိုသည်။ (Xinhua)

………………………………
(English Version)
Xi says humankind is a community with shared future

BEIJING, Oct. 18 (Xinhua) — Chinese President Xi Jinping said on Wednesday that humankind is a community with a shared future.
“China can only do well when the world is doing well. When China does well, the world will get even better,” Xi said.
He said that through Belt and Road cooperation, China is opening its door even wider to the world, with its inland regions turning from “fullbacks” into “forwards,” and coastal regions scaling new heights in their opening-up.
China has become a main trading partner of more than 140 countries and regions and a primary source of investment for more countries. Both Chinese investment overseas and foreign investment in China have boosted friendship, cooperation, confidence and hope, according to Xi.