Connect with us

Videos

တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် မော်စကိုကြား ကုန်တင်ရထားလမ်းကြောင်းသစ် ဖွင့်လှစ်

ဖူကျန့်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် မော်တော်ကား အစီးရေ ၂၉၀ ကို တင်ဆောင်လာသော ကုန်တင်ရထားသစ်တစ်စင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် နင်တယ်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။
အဆိုပါ ရထားသည် နင်တယ်မြို့မှ ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်း ဖြစ်သည်။ထိုရထားသည် Manzhouli မြို့ရှိ နယ်စပ်ဘူတာမှတစ်ဆင့် မော်စကိုမြို့သို့ ၁၈ ရက်အတွင်း ရောက်ရှိမည်ဖြစ်သည်။“ဒီကုန်တင်ရထားက JSQ6 အမျိုးအစား အထူးရထားဖြစ်ပါတယ်။ နှစ်ထပ်ရထားတွဲ တစ်တွဲစီမှာ မော်တော်ကား ၁၀ စီး တင်နိုင်ပြီးတော့ ကွန်တိန်နာတွေတင်တဲ့ ပုံမှန်ရထားတွေထက် ၆၀ ရာခိုင်နှုန်းလောက် ကုန်တင်နိုင်စွမ်း ပိုပြီးမြင့်မားပါတယ်။ ဒီရထားက ကုန်တင်နိုင်မှုစွမ်းရည်၊ ထိရောက်မှုမြင့်မားတာအပြင် ဘေးကင်းပြီးတော့ ယုံကြည်စိတ်ချရမှာလည်း ပိုပြီးမြင့်မားတယ်” ဟု Ningde Logistics Industrial Park Management Co., Ltd အထွေထွေမန်နေဂျာ Zhang Jinhui က ပြောကြားခဲ့သည်။ (Xinhua)

……………………………………..

New cargo train route between east China, Moscow opens
A new cargo train, loaded with 290 Chinese-made vehicles, departed from Ningde, east China’s Fujian Province and headed for Moscow in Russia.
This is the first China-Europe freight train route from Ningde.
The train is scheduled to reach Moscow, via the border station of Manzhouli in 18 days.

SOUNDBITE (Chinese): ZHANG JINHUI, General Manager of Ningde Logistics Industrial Park Management Co., Ltd
“The freight train has special JSQ6 type of carriage. Each double-deck carriage can accommodate 10 vehicles, whose loading capacity is 60 percent higher than that of the usual train carriages for containers. It features greater loading capacity, high efficiency, as well as safety and reliability.”
Xinhua News Agency correspondents reporting from Fuzhou, China.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.