Connect with us

Videos

တရုတ်နိုင်ငံ၏ ကာကွယ်ရေးစင်တာအသစ်တွင် ထူးခြားသော ရေသတ္တဝါမျိုးစိတ် နမူနာ ၁၂,၀၀၀ ထိန်းသိမ်းစောင့်ရှောက်ထား

နန်ချန်း ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး ရေချိုကန် ဖြစ်သည့် ပေါယန်ရေကန် နှင့် ယန်ဇီမြစ်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်စောင့်ရှောက်ရန် ရေနေသက်ရှိသတ္တဝါထိန်းသိမ်းစောင့်ရှောက်ရေးစင်တာအား မကြာသေးမီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ယင်းစင်တာသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျိုကျန်းမြို့ ဟူခိုခရိုင်၌ တည်ရှိကြောင်း သိရသည်။ပေါယန်ရေကန် နှင့် ယန်ဇီမြစ်အတွင်းရှိ ထူးခြားသောရေသတ္တဝါမျိုးစိတ် ၁၂၀ ကျော်၏ နမူနာပေါင်း ၁၂,၀၀၀ ကို စင်တာ၌ ပြသထားကြောင်း သိရသည်။

ထိန်းသိမ်းစောင့်ရှောက်ထားသည့် နမူနာများတွင် တရုတ်စတာဂျင်(Chinese sturgeon)ကဲ့သို့သော တရုတ်နိုင်ငံတွင် ပထမအဆင့် နိုင်ငံတော် ကာကွယ်ထိန်းသိမ်းမှုအောက်တွင် ထားရှိသော ရှားပါးသောမျိုးစိတ်များ ပါဝင်ကြောင်း သိရသည်။

ယင်းတို့သည် သိပ္ပံဘာသာရပ်အား လူသိများလာစေသည့် ပညာရေးအဖွဲ့အစည်းတစ်ခု အဖြစ် အသုံးပြုနိုင်သည့်အပြင် စင်တာက ဖန်တီးမွေးမြူခြင်း ၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း နှင့် ထိုနေရာရှိ ထူးခြားသောရေသတ္တဝါမျိုးစိတ်များနှင့် ပတ်သက်သော သုတေသနအား ဦးစီးဦးရွက် ပြုလျက် ရှိကြောင်း စင်တာကျွမ်းကျင်ပညာရှင်အဖွဲ့ ခေါင်းဆောင် Ma Guang ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

———————————-

12,000 endemic aquatic species specimens preserved in China’s new protection center
An aquatic organism conservation center to protect biodiversity in the Yangtze River and Poyang Lake, China’s largest freshwater lake, has recently begun operating.

The center is located in Hukou County of Jiujiang City in the eastern province of Jiangxi.

A total of 12,000 specimens of more than 120 endemic aquatic species in the Yangtze River and Poyang Lake are on display in the center.

The preserved specimens include rare species under first-class state protection in China, such as the Chinese sturgeon.

In addition to its function as an educational institution popularizing science, the center is also engaged in artificial breeding, conservation and rescue work, and it conducts research on the endemic aquatic species in the area, according to Ma Guang, leader of the center’s expert team.

Xinhua News Agency correspondents reporting from Nanchang, China.
(XHTV)