Media
တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးသမားများနှင့် ငလျင်ဘေးအန္တရာယ်လျော့ပါးရေး အကူအညီများ ဆီးရီးယားသို့ ရောက်ရှိ
ဒမတ်စကတ်စ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကြက်ခြေနီအဖွဲ့ဝင် ကယ်ဆယ်ရေးသမားများနှင့် ငလျင်ဘေးအန္တရာယ်လျော့ပါးရေးအကူအညီ ပထမအသုတ်ကို တင်ဆောင်လာသော လေယာဉ်တစ်စင်းသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်စ်သို့ ဖေဖော်ဝါရီ ၉ရက် ညနေပိုင်းက ဆိုက်ရောက်လာခဲ့သည်။
အဆိုပါ အကူအညီပစ္စည်းများကို ဆီးရီးယား လခြမ်းနီအဖွဲ့နှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးတို့က လေဆိပ်၌ လက်ခံရယူခဲ့သည်။
ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Shi Hongwei က “ကျွန်တော်တို့ ဆီးရီးယား အစိုးရနဲ့ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်သွားမှာပါ။ ဆီးရီးယားအနေနဲ့ သဘာဝဘေးအန္တရာယ် သက်ရောက်မှုတွေကို ကျော်လွှားပြီး သူတို့ရဲ့ နေအိမ်တွေကို ဖြစ်နိုင်သမျှမြန်မြန် ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အလေးအနက်ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
တရုတ်ကြက်ခြေနီအဖွဲ့သည် ဆီးရီးယားသံရုံနှင့် ဆီးရီးယားလခြမ်းနီအဖွဲ့တို့၏ တောင်းဆိုမှုအရ ထောက်ပံ့ပစ္စည်းများကို ပေးပို့ခဲ့ပြီး ထိုပစ္စည်းများက ပြည်သူ ၅,၀၀၀ ကျော်၏ လိုအပ်ချက်များနှင့် ကိုက်ညီမည်ဟု ဆိုသည်။ (Xinhua)
……………………………………..
(English Version)
China’s rescuers, quake relief aid arrive in Syria
A plane carrying rescuers with the Red Cross Society of China and its first batch of quake relief aid arrived in Syria’s capital Damascus Thursday evening.
The Syrian Red Crescent and the Chinese Ambassador to Syria received the shipment at the airport.
SOUNDBITE (Arabic): SHI HONGWEI, Chinese Ambassador to Syria
“We will be coordinating with the Syrian government, and we have deep confidence in Syria that it will be able to overcome the impacts of the disaster and rebuild their homes as soon as possible.”
The Red Cross Society of China sent the supplies at the request of the Syrian Embassy and the Syrian Red Crescent, which will meet the needs of up to 5,000 people.
Xinhua News Agency correspondents reporting from Damascus.
(XHTV)