Connect with us

Africa & Middle East

ငလျင်ဒဏ်ခံစားရသော တူရကီနိုင်ငံအား ကူညီရန် တရုတ်ကယ်ဆယ်ရေးအဖွဲ့များ အလျင်အမြန်ထွက်ခွာ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ မီးသတ်လေ့ကျင့်ရေးစခန်းမှ တူရကီနိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေသော တရုတ် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း Kahramanmaras ပြည်နယ်တွင် ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် နံနက် ၄:၁၇ နာရီက အင်အား ၇.၇ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် မိနစ်အနည်းငယ်အကြာ နိုင်ငံတောင်ပိုင်း Gaziantep ပြည်နယ်၌ အင်အား ၆.၄ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁:၂၄ နာရီတွင်မူ Kahramanmaras ပြည်နယ်၌ပင် အင်အား ၇.၆ ပြင်းအားရှိသော ငလျင်ထပ်မံလှုပ်ခတ်ခဲ့သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ မီးသတ်လေ့ကျင့်ရေးစခန်းမှ တူရကီနိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေသော တရုတ် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းရှိ ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်စင်းလုံးဖြင့် ထွက်ခွာကြမည့် တရုတ် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဝူဟန့် ထျန်းဟော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် Blue Sky Rescue (BSR) မှ ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ဆန်းကျန့် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးသမားများ ထွက်ခွာရန်ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံများစွာနှင့် ကမ္ဘာလုံးဆိုင်ရာ ကူညီထောက်ပံ့ရေးအေဂျင်စီများက ငလျင်ဒဏ်ခံစားရသော ဒေသများထံ ကယ်ဆယ်ရေးအဖွဲ့များနှင့် ဘေးအန္တရာယ်လျော့ပါးရေးအကူအညီများ ပေးအပ်ခဲ့ကြသည်။

အဖွဲ့ဝင် ၈၂ ဦးပါဝင်သော တရုတ် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့သည် တူရကီနိုင်ငံ၌ ငလျင်ဘေးအန္တရာယ်လျော့ပါးရေး အကူအညီများ လက်တွဲလုပ်ဆောင်ရန် ဖေဖော်ဝါရီ ၇ ရက်က ပေကျင်းမှ တူရကီသို့ ထွက်ခွာသွားခဲ့သည်။ ထို့ပြင် Blue Sky Rescue (BSR) အဖွဲ့နှင့် ဆန်းကျန့် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့ (SRVF) အဖွဲ့ဝင်များကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်ကူညီရန် တူရကီနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Rescue Team in Action | Chinese rescue teams rush to aid earthquake-hit Türkiye
A magnitude 7.7 earthquake struck Türkiye’s southern province of Kahramanmaras at 4:17 a.m. local time (0117 GMT) on Monday, followed by a magnitude 6.4 quake a few minutes later in the country’s southern province of Gaziantep and a magnitude 7.6 earthquake at 1:24 p.m. local time (1024 GMT) in Kahramanmaras Province.
Many countries and global aid agencies have offered rescue teams and relief supplies to quake-hit regions.
A 82-member China Search and Rescue Team departed from Beijing for Türkiye on Tuesday to join earthquake relief efforts in the country. Members of the Blue Sky Rescue (BSR) team and rescuers of Shenzhen Rescue Volunteers Federation (SRVF) also headed for Türkiye to join the rescue work.
Photo 1, 2: Members of China Search and Rescue Team prepare to leave for Türkiye from a fire fighting training base in Beijing, capital of China, Feb. 7, 2023. (Xinhua/Peng Ziyang)
Photo 3: This photo taken with a mobile phone shows members of China Search and Rescue Team boarding a chartered plane at Beijing Capital International Airport in Beijing, capital of China, Feb. 7, 2023. (Xinhua/Wu Siyu)
Photo 4: Rescue workers from Blue Sky Rescue (BSR) prepare to depart from the Wuhan Tianhe International Airport in Wuhan, central China’s Hubei Province, Feb. 8, 2023, for quake-hit Türkiye to help search and rescue efforts. (Xinhua/Wu Zhizun)
Photo 5: Rescuers of Shenzhen Rescue Volunteers Federation prepare to depart in Shenzhen, south China’s Guangdong Province, Feb. 8, 2023. (Xinhua/Mao Siqian)