Connect with us

Videos

တရုတ်နိုင်ငံ၏ မိုးပျံတိုက်တည်ဆောက်ရေး စက်ယန္တရားများ ဘယ်လိုအလုပ်လုပ်ကြသနည်း

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မိုးမျှော်တိုက် တည်ဆောက်ရေး စက်ယန္တရားများက အဆောက်အအုံ၏ အထပ်တစ်ထပ်ကို လေးရက်အတွင်း မည်ကဲ့သို့တည်ဆောက်ခဲ့သည်ကို လေ့လာကြည့်ရှုနိုင်ပါသည်။

Tian Zhongquan
ဆင်ဟွာသတင်းထောက်
“ဒါကတော့ တရုတ်နိုင်ငံရဲ့ မိုးမျှော်တိုက် တည်ဆောက်ရေး စက်ယန္တရားတွေထဲက တစ်ခုဖြစ်ပါတယ်။ ကြီးမားတဲ့ ဒီစက်က အဆောက်အအုံရဲ့ အထပ်တစ်ထပ်ကို လေးရက်ခန့်အတွင်း တည်ဆောက်နိုင်ပါတယ်။
အခု ကျွန်တော်တို့ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာကို ရောက်ရှိနေပါတယ်။ ဒီမှာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ဖို့လိုအပ်ချက်တွေကလည်း မြင့်တက်လာပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာ့ဦးဆောင်နည်းပညာတွေပိုင်ဆိုင်ထားတဲ့ နည်းပညာမြင့် စက်ယန္တရားတွေ၊ မိုးမျှော်တိုက်တည်ဆောက်ရေးစက်ယန္တရားတွေကို တီထွင်ထုတ်လုပ်လျက်ရှိပါတယ်။ အခုကျွန်တော်တို့ အဲဒီ လုပ်ငန်းလုပ်ဆောင်နေတဲ့ စက်ယန္တရားရဲ့ ပလက်ဖောင်းပေါ်မှာရှိနေပါတယ်။ ဒီစက်ယန္တရားကြီး ဘယ်လိုအလုပ်လုပ်လဲ လေ့လာကြည့်ကြရအောင်ပါ”

Bao Zeding
CSCEC Group ဝန်ထမ်း
“မိုးမျှော်တိုက် တည်ဆောက်ရေး စက်ယန္တရားကြီးက အလေးချိန်ပေါ့ပါးတဲ့ ပလက်ဖောင်းတွေ ပေါင်းစည်းထားပြီး လုပ်ငန်းခွင်နေရာလည်း ရှိပါတယ်။ ဒီပလက်ဖောင်းကြီးပေါ်မှာ သန့်စင်ခန်းတွေ၊ ကွန်ကရစ် ဘလိပ်မြေဖျော်စက်တွေ၊ ဓာတ်လှေကားတွေနဲ့ မီးသတ်ကိရိယာတွေ တပ်ဆင်ထားပါတယ်။ ကြီးမားလှတဲ့ ဒီစက်ကြီးကို အနီရောင်ထောက်တိုင် ၁၂ ခုနဲ့ထောက်ထားတာကြောင့် ဝန်အားခံနိုင်ရည်စွမ်းကို မြှင့်တင်ပေးထားပါတယ်”

Tian Zhongquan
ဆင်ဟွာသတင်းထောက်
“ပုံမှန်ဆိုရင် ကျွန်တော်က အမြင့်ကြောက်တတ်တယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ဘေးကင်းတယ်လို့ ခံစားရတယ်”

Bao Zeding
CSCEC Group ဝန်ထမ်း
“မိုးမျှော်တိုက် ဆောက်လုပ်ရေး စက်ယန္တရားက အလုပ်သမားတွေအတွက် မြင့်မားတဲ့နေရာတွေမှာ ဘေးကင်းပြီး တည်ငြိမ်တဲ့လုပ်ငန်းခွင်တစ်ခု ဖော်ဆောင်ပေးတယ်။ တိုင်ဖွန်းမုန်တိုင်း အမျိုးအစား ၁၀ ကိုလည်း ခံနိုင်ရည်ရှိတယ်။ ပုံမှန်စီမံကိန်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီယန္တရားကြောင့် ဆောက်လုပ်မှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းကျော် တိုးတက်လာပါတယ်။
ဒီယန္တရားကို ပေါ့ပါးတဲ့ကိရိယာပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ ဒီစီမံကိန်းပြီးစီးသွားရင် ဒီယန္တရားကို နောက်ထပ်စီမံကိန်းတွေဘက် အလှည့်ပေးရမှာပါ။ ဒီစက်ယန္တရားတွေနဲ့ အင်မတန်မြင့်မားလှတဲ့ အဆောက်အအုံတွေ တည်ဆောက်မယ်ဆိုရင် တော်တော်လေးကို တွက်ခြေကိုက်ပါတယ်” (Xinhua)

#China #SkyscraperBuilding #Machine #တရုတ် #မိုးမျှော်တိုက်တည်ဆောက်ရေး #စက်ယန္တရား
……………………………………..
How do China’s skyscraper building machines work?
One story of building constructed in four days: Find out how skyscraper building machines in China work.
STANDUP 1 (English): TIAN ZHONGQUAN, Xinhua correspondent
“This is one of China’s skyscraper building machines. This mighty machine can construct one story of a structure in around four days.
Hello, we are now at a construction site in Wuhan City, central China’s Hubei Province. There are (an) increasing (number of) tall buildings needed to be built with the development of urbanization. Well, China has invented high-tech machines, the skyscraper building machines, which own the world’s leading technologies. We are right on the platform of the machine, which is in operation now. And, how does it work? Let’s take a look.”
SOUNDBITE 1 (Chinese): BAO ZEDING, Staff member, CSCEC Group
“The skyscraper building machine is a lightweight integrated platform, which provides a workplace at its top steel structure. There are some facilities installed on this giant platform, like toilets, concrete distribution spreaders, elevators and firefighting equipment. The giant machine is supported by 12 red pillars, which improve its vertical bearing capacity.”

STANDUP 2 (English): TIAN ZHONGQUAN, Xinhua correspondent
“I’m normally afraid of heights. But, I feel secure here.”
SOUNDBITE 2 (Chinese): BAO ZEDING, Staff member, CSCEC Group
“The skyscraper building machine provides workers with a safe and stable workplace at heights. It can withstand a category 10 typhoon. Compared with traditional projects, the construction speed supported by the building machines can be increased by more than 20 percent.
The building machine is made of lightweight materials. After the completion of this project, we will turn it over to the next project. It is relatively economical to construct super high-rise buildings with the machines.”

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.