Connect with us

Videos

တရုတ်နိုင်ငံထုတ် နှစ်ဘီးတပ် လျှပ်စစ်ယာဉ်များ ကမ္ဘောဒီးယားတွင် လူကြိုက်များ ရေပန်းစားလာ

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် နှစ်ဘီးတပ် လျှပ်စစ်ယာဉ်များသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ကုန်ကျစရိတ်သက်သာမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် လူကြိုက်များ ရေပန်းစားလာခဲ့သည်။Yadea သည် ကမ္ဘာတွင် နှစ်ဘီးတပ် လျှပ်စစ်ယာဉ်များ အဓိကထုတ်လုပ်သူဖြစ်ရာ ၎င်းတို့ထုတ်လုပ်သော ကုန်ပစ္စည်းများတွင် လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီးနှင့် လျှပ်စစ်စကူတာ စသည်တို့ပါဝင်ကြောင်း သိရသည်။

ယနေ့အထိ Yadeaသည် ၎င်း၏ထုတ်ကုန်များကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်က အသုံးပြုသူ သန်း ၆၀ အား ရောင်းချထားပြီး ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ် ၃,၀၀၀ ကျော်နှင့် လက်လီရောင်းချသူ ၄၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။

လျှပ်စစ်ကားနှင့်လျှပ်စစ်မော်တော်ဆိုင်ကယ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု နှင့် ကုန်ကျစရိတ်သက် သာမှုများကြောင့် အသုံးပြုကြရန် ကမ္ဘောဒီးယားနိုင်ငံအစိုးရက အားပေးဆောင်ရွက်လျက်ရှိသည်။ (Xinhua)

#China #Cambodia #ElectricVehicles #တရုတ် #ကမ္ဘောဒီးယား #လျှပ်စစ်စွမ်းအင်သုံးယာဉ်များ
——————————–
China’s electric two-wheelers go popular in Cambodia
Chinese-made electric two-wheelers are popular in Cambodia as they are eco-friendly and economical.
Yadea is a major producer of electric two-wheel vehicles in the world, including electric motorcycles, electric mopeds, electric bicycles and electric kick scooters.
To date, Yadea has sold products to 60 million users in over 100 countries and regions, and has a network of more than 3,000 distributors and over 40,000 retailers worldwide.
Cambodia’s government has encouraged people to use electric vehicles and electric motorcycles because they are eco-friendly and more economical.
Xinhua News Agency correspondents reporting from Phnom Penh.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.