Connect with us

Media

ယီမင် အစိုးရ နှင့် ဟူသီ တို့ ၃ ရက်ကြာ အကျဉ်းသားလဲလှယ်ရေး စတင်

အေဒင် ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံရှိ စစ်ဖြစ်ပွားနေသည့်အဖွဲ့များသည် သုံးရက်ကြာ အကျဉ်းသား ၈၈၀ ကျော် လဲလှယ်မှုအား ဧပြီ ၁၄ ရက်တွင် စတင်ခဲ့ပြီး စစ်ဘေးဒဏ်သင့် ယီမင်နိုင်ငံ၌ ငြိမ်းချမ်းရေးအတွက် အရေးပါသောခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့ကြောင်း သိရသည်။

ယီမင်အစိုးရ အကျဉ်းသား ၇၀ အပါအဝင် ထိန်းသိမ်းခံရသူ ၃၂၀ ခန့်အား ဧပြီ ၁၄ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ၎င်းတို့ကို ဆာနာမြို့မှ အေဒင်မြို့သို့ လေယာဉ်နှစ်စင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ၊ ဟူသီ အကျဉ်းသား ၂၅၀ ဦးကို အေဒင်မြို့မှ ဆန်နာမြို့သို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ယီမင်အစိုးရအဖွဲ့မှ ညှိနှိုင်းရေးကော်မတီ ခေါင်းဆောင် Yahya Kazman ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

………………………………………..
(English Version)
Yemeni gov’t, Houthis begin 3-day prisoner exchange
Yemen’s warring parties began a three-day exchange of more than 880 prisoners on Friday, marking a significant step toward peace in the warn-torn Arab country.
About 320 detainees were released on Friday, including 70 Yemeni government prisoners who were sent from Sanaa to Aden onboard two flights, and 250 Houthi captives on flights from Aden to Sanaa, according to Yahya Kazman, chief of the negotiation committee from the internationally-recognized Yemeni government.Xinhua News Agency correspondents reporting from Aden, Yemen.(XHTV)