Connect with us

Videos

သီရိလင်္ကာ နှင့် တရုတ် နိုင်ငံတို့က တောင်အာရှ ကူးသန်းရောင်းဝယ်ရေး ၊ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာ တည်ဆောက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုး

ကိုလံဘို ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ တောင်အာရှ ကူးသန်းရောင်းဝယ်ရေး ၊ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာအား ပူးပေါင်းတည်ဆောက်ရန် သီရိလင်္ကာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ၊ ဒေသတွင်း မြို့ပြအင်ဂျင်နီယာလုပ်ငန်းတစ်ခု နှင့် China Merchants Port Holdings တို့သည် ဧပြီ ၂၁ ရက်တွင် ကိုလံဘိုမြို့၌ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် ခေတ်မီအဆင့်အမြင့်ဆုံး ထောက်ပံ့ပို့ဆောင်ရေးစင်တာတစ်ခုအား တည်ထောင်သွားမည် ဖြစ်ပြီး ကိုလံဘိုဆိပ်ကမ်းအား ဒေသတွင်း ပိုမို ဂုဏ်သိက္ခာရှိပြီး ယှဉ်ပြိုင်နိုင်သော ဆိပ်ကမ်းတစ်ခု အဖြစ် ကူညီမြှင့်တင်သွားမည် ဖြစ်ကြောင်း ဆိပ်ကမ်း ၊ သင်္ဘော နှင့် လေကြောင်း ဝန်ကြီး Nimal Siripala de Silva က လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။ (Xinhua)
————————-
Sri Lanka, China sign agreement to build South Asia commercial, logistics hub
Sri Lanka Ports Authority, a local civil engineering enterprise and China Merchants Port Holdings signed an agreement in Colombo on Friday to jointly build the South Asia commercial and logistics hub in Colombo Port.

The project will establish a state-of-art logistics center, and help promote Colombo Port as a more prestigious and competitive port in the region, said Minister of Ports, Shipping and Aviation Nimal Siripala de Silva when attending the signing ceremony.
Xinhua News Agency correspondents reporting from Colombo.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.