Connect with us

Videos

နေပြည်တော် လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၆ ဦးသေဆုံး ၊ ၁၀၉ ဦး ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလယ်ပိုင်း နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက်တွင် လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၆ ဦးသေဆုံး ၊ ၁၀၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူများက ပြောကြားခဲ့သည်။လေဆင်နှာမောင်းသည် ဧပြီ ၂၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများအား တိုက်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

” လေပြင်းကြောင့် အခင်းဖြစ်တဲ့နေရာမှာ ၆ ဦး သေဆုံးတယ် ။ ၁၀၉ ဦး ဒဏ်ရာရခဲ့တယ် ။ အဲဒီထဲမှာ ၁၆ ဦးက တော်တော်ပြင်းထန်ဒဏ်ရာရတယ်”ဟု နေပြည်တော်ရဲတပ်ဖွဲ့က ရဲမှူးတစ်ဦးက ဧပြီ ၂၂ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့ပြီး ဧပြီ ၂၂ ရက် နံနက်ပိုင်းအထိ ထပ်မံသေဆုံးသူ မရှိကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

သေဆုံးသူများတွင် အမျိုးသား နှစ်ဦး နှင့် အမျိုးသမီး လေးဦး ပါဝင်ကြောင်း မီးသတ်ဦးစီးဌာနက ပြောကြားခဲ့ပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ထိခိုက်ဒဏ်ရာရရှိသူများကို နေပြည်တော်ရှိ ဆေးရုံများ၌ ကုသလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနက ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

————————–
6 killed, over 100 injured after tornado hits central Myanmar
Six people were killed and 109 others injured after a deadly tornado hit central Myanmar on Friday, local authorities said.
The tornado struck the villages in Lewe township of Nay Pyi Taw Union Territory at around 6:45 p.m. local time (GMT 1215) on Friday, the Myanmar Fire Services Department said.
“Six died on the spot and 109 others were injured due to the heavy winds. 16 of the injured were in critical condition,” a local police officer told Xinhua on Saturday, adding that no more deaths were reported until this morning.
The death toll included two males and four females, the fire services department said, adding that more than 200 houses were also damaged due to the tornado.
The injured are being treated at the hospitals in Nay Pyi Taw Union Territory, the fire services department said, adding that rescue operations are underway.
Xinhua News Agency correspondents reporting from Yangon, Myanmar. (XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.