Connect with us

Media

PowerChina က လာအိုနိုင်ငံ၏ ပထမဆုံး လေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည်

ဗီယင်ကျန်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

Power Construction Corporation of China (PowerChina) က သဘောတူစာချုပ်ချုပ်ဆိုထားသည့် လာအိုနိုင်ငံ၌ ပထမဆုံး အမျိုးအစား ဖြစ်သော ၆၀၀ မဂ္ဂါဝပ် မုတ်သုံလေအားလျှပ်စစ်စီမံကိန်းအတွက် အုတ်မြစ်ချအခမ်းအနားအား လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၊ လာအို စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Khamjane Vongphosy နှင့် အခြားအစိုးရဌာနဆိုင်ရာဝန်ကြီးများ ၊ လာအိုနိုင်ငံရှိ တရုတ်နိုင်ငံသံရုံး၏ စီးပွားရေးသံမှူး Zhao Wenyu နှင့် အကျိုးဆောင်ကုမ္ပဏီ နှင့် ကန်ထရိုက်တာတို့၏ ကိုယ်စားလှယ်များက အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
PowerChina to build Laos’ 1st wind power project
A groundbreaking ceremony for the 600 MW Monsoon Wind Power Project, the first of this kind in Laos, contracted by Power Construction Corporation of China (PowerChina), was held in Vientiane, the capital of Laos, on Tuesday.
Deputy Prime Minister and Foreign Minister of Laos, Saleumxay Kommasith, Lao Minister of Planning and Investment Khamjane Vongphosy and ministers of other government departments, Economic and Commercial Counselor of the Chinese Embassy in Laos Zhao Wenyu, as well as representatives of the developer and contractor, attended the ceremony.
Xinhua News Agency correspondents reporting from Vientiane.
(XHTV)