Connect with us

China

ဆွေးနွေးညှိနှိုင်းမှုကသာ ယူကရိန်းအရေးအတွက် အလားအလာကောင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သမ္မတ ရှီပြော

ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများကသာ ယူကရိန်းအကျပ်အတည်းအတွက် အလားအလာကောင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကာ နျူကလီးယားစစ်ပွဲတွင် မည်သူမျှအနိုင်ရရှိမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၂၆ ရက်၌ ပြောကြားခဲ့သည်။

ရှီသည် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တယ်လီဖုန်းမှတစ်ဆင့် စကားပြောကြားစဉ် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ သမ္မတ နှစ်ဦးတို့သည် တရုတ်-ယူကရိန်း ဆက်ဆံရေးနှင့် ယူကရိန်းအကျပ်အတည်းဆိုင်ရာ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အဆိုပါ အကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် နက်ရှိုင်းစွာ ဆက်သွယ်ဆွေးနွေးရန် ယူကရိန်းနှင့် အခြားနိုင်ငံများသို့ သွားရောက်ရန် တရုတ်နိုင်ငံအစိုးရ၏ ယူရေးရှားဒေသရေးရာ အထူးကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရှီက တရုတ်-ယူကရိန်း ဆက်ဆံရေးတိုးတက်မှုနှင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားကြောင်း သမ္မတ ဇယ်လန်းစကီးက ထပ်ခါတလဲလဲ ဖော်ပြသည့်မှုအပေါ် တန်ဖိုးထားကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံသားများ ရွှေ့ပြောင်းရေးအတွက် များစွာကူညီပေးသည့်အတွက် ယူကရိန်းနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း အကျပ်အတည်းသည် နိုင်ငံတကာအခင်းအကျင်းအပေါ် သက်ရောက်မှုကြီးမားကြောင်း ရှီက ထောက်ပြခဲ့သည်။

ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဘက်၌ အမြဲတစေ ရပ်တည်လျက်ရှိသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရေးသည်လည်း တရုတ်နိုင်ငံ၏ ပင်မရပ်တည်ချက်ဖြစ်ကြောင်း ရှီက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သလို အပစ်အခတ်ရပ်စဲရေး ဆောလျင်စွာရရှိရန်နှင့် ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူကရိန်းနိုင်ငံထံ လူသားချင်းစာနာထောက်ထားမှုအကူအညီ အမြောက်အမြား ပေးပို့ခဲ့ပြီးဖြစ်သလို တတ်စွမ်းသည့်ဘက်မှ ဆက်လက်၍ အကောင်းဆုံး ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြန်လည်ရွေးကောက်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ တရုတ်နိုင်ငံ၏ အသိအမှတ်ပြုလောက်ဖွယ် အောင်မြင်မှုများကိုလည်း ချီးကျူးမိကြောင်း၊ သမ္မတ ရှီ၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်နိုင်ငံအနေဖြင့် အမျိုးမျိုးသော စိန်ခေါ်မှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းကာ ရှေ့ဆက်ချီတက်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဇယ်လန်းစကီးက ယူကရိန်းအရေး လတ်တလောဖြစ်ရပ်များအပေါ် ၎င်း၏အမြင်များကို မျှဝေခဲ့ပြီး ယူကရိန်းနိုင်ငံအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်းနှင့် ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းခြင်းနှင့် ယူကရိန်းအကျပ်အတည်းကို သံတမန်နည်းလမ်းဖြင့် အဖြေရှာခြင်း၌ တရုတ်နိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကို ကြိုဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………

(English Version)
Xi says dialogue only viable way out for Ukraine crisis
BEIJING, April 26 (Xinhua) — Chinese President Xi Jinping said on Wednesday that dialogue and negotiations are the only viable way out for the Ukraine crisis, and no one wins a nuclear war.
He made the remarks while talking to his Ukrainian counterpart, Volodymyr Zelensky, over phone. The two sides exchanged views on China-Ukraine relations and the Ukraine crisis.
China will send a special representative of the Chinese government on Eurasian affairs to visit Ukraine and other countries to conduct in-depth communication with all parties on the political settlement of the crisis, he said.
Xi said he appreciated President Zelensky’s repeated expression of emphasis on the development of China-Ukraine ties and cooperation with China, and thanked Ukraine for providing considerable assistance for the evacuation of Chinese citizens last year.
Xi pointed out that the Ukraine crisis is evolving in complex ways with major impacts on the international landscape.
On the Ukraine crisis, China always stands on the side of peace, and its core stance is to facilitate talks for peace, he said.
China will continue to facilitate talks for peace and make its efforts for early ceasefire and restoration of peace, he added.
China has sent multiple batches of humanitarian assistance to Ukraine and will keep providing help to the best of its ability, Xi said.
For his part, Zelensky congratulated President Xi on his re-election, commended China for its remarkable achievements, and expressed confidence that under the leadership of President Xi, China will successfully address various challenges and continue to move forward.
Zelensky shared his views on the current state of the Ukraine crisis, thanked China for providing humanitarian assistance to Ukraine, and welcomed China’s important role in restoring peace and seeking diplomatic solution to the crisis.