Connect with us

Media

မွန်ဂိုလီးယားနိုင်ငံ အရှေ့ပိုင်းတွင် သဲမုန်တိုင်း တိုက်ခတ်

ဦလန်ဘာတာ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ အရှေ့ပိုင်းတွင် ဧပြီ ၂၇ ရက်က အားကောင်းသော သဲမုန်တိုင်း တိုက်ခတ်ခဲ့ကာ လမ်းမများကိုပင် ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်တော့ကြောင်း သိရသည်။

နိုင်ငံ အရှေ့ပိုင်းပြည်နယ်များဖြစ်သော Sukhbaatar ၊ Khentii နှင့် Dornod တို့တွင် လေတိုက်ခတ်နှုန်းမှာ တစ်စက္ကန့်လျှင် ၂၄ မီတာအထိ ရှိကြောင်း မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ထို့ပြင် မွန်ဂိုလီးယားနိုင်ငံ မြို့တော် ဦလန်ဘာတာ အပါအဝင် နိုင်ငံအလယ်ပိုင်းတွင်လည်း လေပြင်းတိုက်ခတ်ခြင်း၊ နှင်းမုန်တိုင်း တိုက်ခတ်ခြင်းနှင့် လေအပူချိန်ရုတ်တရက်ကျဆင်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆိုးဝါးသောရာသီဥတုသည် လာမည့်ရက်များအတွင်း နိုင်ငံအတွင်း အခြားသောဒေသများ၌ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားကြောင်း၊ ပြည်သူများ အထူးသဖြင့် အဖွဲ့လိုက် နေရပ်လှည့်လည်နေထိုင်သူများနှင့် ယာဉ်မောင်းများအနေဖြင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရန် တိုက်တွန်းထားသည်။

မွန်ဂိုလီးယားနိုင်ငံသည် နွေဦးရာသီတွင် လေပြင်းတိုက်ခတ်ခြင်း၊ ဆီးနှင်းနှင့် သဲမုန်တိုင်းများ တိုက်ခိုက်ခြင်း စသော ဆိုးဝါးသောရာသီဥတုကြုံတွေ့ရလေ့ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မွန်ဂိုလီးယားနိုင်ငံ၌ အဝါရောင် သဲမုန်တိုင်းများ မကြာခဏ တိုက်ခတ်မှုများ၏ အဓိကအကြောင်းအရာမှာ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သော သဲကန္တရဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအရ သိရသည်။ (Xinhua)

……………………………………..
(English Version)
Dust storm sweeps eastern Mongolia
A strong dust storm hit the eastern part of Mongolia on Thursday, causing poor road visibility.
The wind speed is reaching up to 24 meters per second in the eastern provinces of Sukhbaatar, Khentii and Dornod, the country’s meteorology and environmental monitoring agency said in a statement.
In addition, the central part of the country, including the national capital Ulan Bator is now seeing strong winds, snow storms and a sudden air temperature drop, it said.
The inclement weather is expected to continue across large parts of the country in the coming days, it said, urging the public, especially nomadic herders and drivers, to take extra precautions against possible disasters.
Mongolia has a harsh continental climate as strong winds, snow and dust storms are common during spring.
Climate change-related desertification has been the main factor behind the increasing frequency of yellow dust storms in Mongolia in recent years, according to the Ministry of Environment and Tourism.
The Asian country has a total land area of 1,564,116 square km, and around 77 percent of the country’s total territory has been somehow affected by desertification and land degradation, according to official data.
Xinhua News Agency correspondents reporting from Ulan Bator.
(XHTV)