Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံက တရုတ်ရိုးရာတိုင်းရင်းဆေးပါရဂူ ၁၇ ဦးကို ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်

ဖနွမ်းပင် ၊ မေ ၁၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ရောဂါ နှင့် အခြားရောဂါများ တိုက်ဖျက်ရေးတွင် ၁၄ လကြာ ကူညီပေးခဲ့သည့် တရုတ်ရိုးရာတိုင်းရင်းဆေးပါရဂူ ၁၇ ဦးကို မေ ၁၅ ရက်၌ အစိုးရ၏ ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး Mam Bunheng က တရုတ်ရိုးရာတိုင်းရင်းဆေးပါရဂူ ၁၇ ဦးကို “Knight Class” ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ယင်းအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Wang Wentian တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
“ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေက တရုတ်ရိုးရာတိုင်းရင်းဆေးကို အသုံးပြုပြီး လူနာတွေကို ကုသပေးတာ နဲ့ ကမ္ဘောဒီးယား ဆေးဝန်ထမ်းတွေကို လေ့ကျင့်ပေးခဲ့တာကြောင့် သူတို့ရဲ့ ကူညီထောက်ပံ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်”ဟု ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး Mam Bunheng က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Cambodia awards honorable medals to 17 TCM specialists
Cambodia on Monday awarded the government’s honorable medal decorations to a team of 17 traditional Chinese medicine (TCM) specialists after they completed their 14-month mission in helping the kingdom fight COVID-19 and other diseases.

Cambodia’s Health Minister Mam Bunheng presented the “Knight Class” medals to them at a ceremony in Phnom Penh, which was also attended by Chinese Ambassador to Cambodia Wang Wentian.

“The honorable medals were conferred in recognition of their contributions to helping treat patients and train Cambodian medical staff in using TCM,” he said.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)