Connect with us

Videos

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ရုတ်တရက်တိုးပွားလာသည့် လိပ်ပြာများ

ယူနန် ၊ မေ ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ လိပ်ပြာတောင်ကြားတွင် ပိုးရုပ်ဖုံး အခွံမာများမှ လိပ်ပြာအကောင်ရေ သန်းနှင့်ချီ ပေါ်ထွက်လာခဲ့သည့် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။ပို၍ပူနွေးသောအပူချိန်ကြောင့် ယခုနှစ် လိပ်ပြာများ တစ်ဟုန်ထိုးတိုးပွားလာခြင်းက ပုံမှန်ထက် အနည်းငယ်စော၍ ဖြစ်ပွားခဲ့ပြီး လိပ်ပြာများ၏ အရွယ်အစားသည် ယခင်နှစ်များကထက် ပိုကြီးကြောင်း ကျင်းဖိန် မြောင်လူမျိုး၊ယောင်လူမျိုးနှင့် တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ လိပ်ပြာတောင်ကြားပြတိုက်မှူး Yang Zhenwen ၏ ပြောကြားချက်အရ သိရသည်။

“ဒီနှစ် တောင်ကြားမှာ လိပ်ပြာအကောင်ရေ သန်း ၈၀ ကနေ သန်း ၁၀၀ အထိ ရှိမယ်လို့ မျှော်လင့်ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————

Butterfly boom in China’s Yunnan
Tens of millions of butterflies have emerged from their chrysalises in the butterfly valley in Honghe Hani and Yi Autonomous Prefecture, southwest China’s Yunnan Province, presenting an astonishing sight.
Due to warmer temperatures, the “butterfly explosion” this year occurred slightly earlier than usual, and the size of butterflies is larger than in previous years, according to Yang Zhenwen, curator of the butterfly valley museum in Jinping Miao, Yao, and Dai Autonomous County.
“We expect that there will be about 80 million to 100 million butterflies in the valley this year,” said Yang.