Connect with us

Videos

တရုတ်နိုင်ငံက အာကာသစခန်းတွင် ၅ လကြာ တာဝန်များ ထမ်းဆောင်ရန် ရှန်ကျိုး-၁၆ လူတင်အာကာသယာဉ် လွှတ်တင်

ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာကာသစခန်းပေါင်းစည်းမှုအတွက် အချိန် ၅ လကြာမစ်ရှင်တစ်ရပ် ထမ်းဆောင်ရန် အာကာသယာဉ်မှူး ၃ ဦးပါဝင်သော ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသယာဉ်ကို မေ ၂၉ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။Long March-2F သယ်ဆောင်ရေးဒုံးပျံ၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသော အဆိုပါ အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများသည် စီစဉ်ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း စမ်းသပ်မှုကြီးများနှင့် နယ်ပယ်စုံ လက်တွေ့စမ်းသပ်မှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

၎င်းတို့သည် ဆန်းသစ်သော quantum ဖြစ်စဉ်၊ တိကျမှုမြင့်မားသော အာကာသအချိန်ကြိမ်နှုန်းစနစ်များ၊ အထွေထွေနှိုင်းရသီအိုရီကို အတည်ပြုခြင်းနှင့် သက်ရှိမူလဇစ်မြစ် စသည်တို့ကိုလေ့လာရာတွင် အဆင့်မြင့်မားသော သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုများ ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားသည်။

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၆ လူတင်အာကာသယာဉ်ဖြင့် လိုက်ပါသွားခဲ့သော ကျင်ဟိုင်ဖုန် ၊ ကျူးရန်ကျု နှင့် ကွေ့ဟိုင်ချောင်း အာကာသယာဉ်မှူးများသည် ထျန်းကျိုး-၅ ကုန်တင်အာကာသယာဉ်နှင့် ရှန်ကျိုး-၁၇ လူတင်အာကာသယာဉ် ချိတ်ဆက်မှုအပြင် ရှန်ကျိုး-၁၅ လူတင်အာကာသယာဉ်နှင့် ထျန်းကျိုး-၅ အာကာသစခန်းတို့ ခွဲထွက်မှုတို့ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ (Xinhua)

———————————-

China launches Shenzhou-16 manned spaceship for 5-month intensive tasks in space station
China on Tuesday launched the Shenzhou-16 manned spaceship, sending three astronauts to its space station combination for a five-month mission.
The spaceship, atop a Long March-2F carrier rocket, blasted off from the Jiuquan Satellite Launch Center in northwest China.
The Shenzhou-16 astronauts will conduct large-scale in-orbit tests and experiments in various fields as planned. They are expected to make high-level scientific achievements in the study of novel quantum phenomena, high-precision space time-frequency systems, the verification of general relativity, and the origin of life.

The crew, consisting of Jing Haipeng, Zhu Yangzhu and Gui Haichao, will witness the dockings of the Tianzhou-5 cargo craft and the Shenzhou-17 manned spaceship, as well as the departures of the Shenzhou-15 manned spaceship and Tianzhou-5.
Xinhua News Agency correspondents reporting from Jiuquan, China.(XHTV)