Connect with us

Media

တရုတ်နိုင်ငံ ပေကျင်းမြို့ နှင့် နယူးဇီလန်နိုင်ငံ အော့ကလန်မြို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲ

အော့ကလန် ၊ မေ ၄ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အော့ကလန်နိုင်ငံတကာလေဆိပ်သို့ တရုတ်ခရီးသွား ၂၀၀ ကျော် သယ်ဆောင်လာသည့် Air China လေယာဉ်ဆိုက်ရောက်လာခဲ့ခြင်းဖြင့် မေ ၂ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ နှင့် နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ် တရားဝင်ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ယင်းတိုက်ရိုက်လေကြောင်းခရီးစဉ်အား COVID-19 ကပ်ရောဂါခရီးသွားလာမှုကန့်သတ်ချက်များကြောင့် သုံးနှစ်ကျော်ကြာ ရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။

အော့ကလန်နိုင်ငံတကာလေဆိပ်သို့ မေ ၂ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့သည့် တရုတ်ခရီးသွားများကို ရိုးရာ Maori အက ၊ သီဆိုဖျော်ဖြေမှုများ ပါဝင်သည့် အထူးအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ပေကျင်းမြို့ နှင့် အော့ကလန်မြို့အကြား တိုက်ရိုက်ပျံသန်းမှုအား တစ်ပတ်လျှင် လေးကြိမ် ပြေးဆွဲပျံသန်းသွားမည် ဖြစ်ကြောင်း Air China ထံမှ သိရသည်။ (Xinhua)

…………………………………
(English Version)
Direct flights resume between Beijing and Auckland, New Zealand
The direct flights between Beijing and Auckland in New Zealand officially resumed on Tuesday as an Air China aircraft carrying over 200 Chinese tourists landed at the Auckland International Airport.
The services had been suspended for more than three years due to the COVID-19 pandemic travel restrictions.
The Chinese tourists were welcomed by a special ceremony featured with traditional Maori dance and singing at the airport on Tuesday afternoon.
Currently, direct flights are conducted between Beijing and Auckland four times every week, according to Air China.

Xinhua News Agency correspondents reporting from Auckland.
(XHTV)