Connect with us

Media

ကရင်မလင်နန်းတော်ကို ဒရုန်းများဖြင့်တိုက်ခိုက်ရန် ယူကရိန်း ကြိုးပမ်းဟု ရုရှားပြော၊ ယင်းကိစ္စ၌ ပါဝင်ပတ်သက်မှုမရှိဟု ယူကရိန်းငြင်းဆို

မော်စကို/ကိဗ်၊ မေ ၄ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံရှိ ကရင်မလင်အိမ်တော်ကို ဒရုန်းနှစ်စင်း အသုံးပြုတိုက်ခိုက်ကာ ရုရှားသမ္မတ ဗလာတီမာပူတင်အား လုပ်ကြံရန် မေလ ၂ ရက်ညပိုင်းက ကြိုးပမ်းခဲ့ကြောင်း ရုရှားသမ္မတ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မေ ၃ ရက်တွင် ပြောကြားခဲ့သည်။
စစ်ဘက်နှင့်အထူးတပ်ဖွဲ့က မောင်းသူမဲ့လေယာဉ်များ၏ လုပ်ဆောင်ချက်ကို တားဆီးနိုင်ရန် စစ်ပွဲသုံးရေဒါစနစ်ကို အသုံးပြုခဲ့ကြောင်း ကရင်မလင်နန်းတော်ကဆိုသည်။

ထိုသို့တိုက်ခိုက်ရန်ကြိုးပမ်းခဲ့သော်လည်း ဒရုန်းများပျက်စီးကာ တစ်ပိုင်းတစ်စစီဖြစ်သွားခဲ့ကြောင်း၊ လူသေဆုံးမှု သို့မဟုတ် အဆောက်အအုံပျက်စီးမှုများ မရှိကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒါကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လုပ်ရပ်နဲ့ ရုရှားသမ္မတရဲ့ အသက်ကိုလုပ်ကြံရန် ကြိုးပမ်းမှုအဖြစ် သတ်မှတ်ပါတယ်။ ဒီလိုဖြစ်ပွားချိန်က နိုင်ငံရပ်ခြားက ဧည့်သည်တော်တွေ တက်ရောက်ဖို့ စီစဉ်ထားတဲ့ မေ ၉ ရက် အောင်ပွဲနေ့ အကြိုချီတက်ပွဲပြုလုပ်နေတာဖြစ်ပါတယ်” ဟု ကရင်မလင်နန်းတော်က ပြောခဲ့သည်။ (Xinhua)

……………………………………
(English Version)
Russia says Ukraine tried to strike Kremlin with drones while Kiev denies involvement
Ukraine attempted to assassinate Russian President Vladimir Putin on Tuesday night by using two drones to attack his Kremlin residence, Russia’s presidential press service said Wednesday.
The Kremlin said the military and special services used radar warfare to put the unmanned aerial vehicles out of action.
Despite the attempted attack, no casualties or material damage were reported from the downing of the drones and the resulting scattering of fragments, the Kremlin said.
“We regard the action as a planned terrorist act and an attempt on the life of the Russian president, which was carried out on the eve of the May 9 Victory Day parade, where foreign guests also plan to be present,” the Kremlin said.
Xinhua News Agency correspondents reporting from Moscow.(XHTV)