Connect with us

Media

ကုလသမဂ္ဂသံတမန်က ဟူသီခေါင်းဆောင်များနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပြောကြား

ဆာနာ ၊ မေ ၄ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Hans Grundberg က ယီမင်နိုင်ငံ၌ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့် စစ်ပွဲ အဆုံးသတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များက ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြရန် တောင်းဆိုကာ ယီမင်နိုင်ငံ မြို့တော် ဆန်နား၌ ဟူသီအာဏာပိုင်များနှင့် အပြုသဘောဆောင်သည့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မေ ၃ ရက်တွင် ကြေညာခဲ့သည်။

ဟူသီများ ထိန်းချုပ်ထားသည့် ဆန်နားမြို့၌ ဟူသီခေါင်းဆောင်များနှင့် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြီးဆုံးခဲ့ပြီးနောက် အထူးသံတမန် Hans Grundberg က ယင်းဆွေးနွေးမှုများမှာ ပွင့်လင်းပြီး အသေးစိတ်ကျကာ အပြုသဘောဆောင်ခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(English Version)
UN envoy says holds “constructive” talks with Houthi leader
The United Nations (UN) Special Envoy for Yemen Hans Grundberg announced on Wednesday that he had “positive engagements” with Houthi authorities in Yemen’s capital Sanaa, calling on concerning parties to take bold steps to end the years-long war in the country.
Speaking to reporters after concluding his two-day talks with Houthi leaders in the Houthis-held Sanaa, Grundberg said the discussions were “frank, detailed and constructive.”
Xinhua News Agency correspondents reporting from Sanaa.(XHTV)