Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် သည် ဂျာမနီနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး သတ္တမအကြိမ်မြောက် တရုတ်-ဂျာမနီ အစိုးရအချင်းချင်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရန်ရှိကြောင်းနှင့် ပြင်သစ်နိုင်ငံသို့လည်း တရားဝင်ခရီးစဉ်သွားရောက်ကာ ဇွန် ၁၈ ရက် မှ ၂၃ ရက်အတွင်း ကျင်းပမည့် New Global Financing Pact ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန်၁၅ ရက်တွင် ကြေညာခဲ့သည်။

လီ၏ ယခုခရီးစဉ်သည် ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့်ပြင်သစ်နိုင်ငံအစိုးရတို့ ဖိတ်ကြားချက်အရသွားရောက်ခြင်း ဖြစ်ကြောင်း ဝမ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Chinese premier to visit Germany, France
BEIJING, June 15 (Xinhua) — Chinese Premier Li Qiang will pay an official visit to Germany and hold the seventh China-Germany inter-governmental consultation, and pay an official visit to France and attend the Summit for a New Global Financing Pact from June 18 to 23, Foreign Ministry Spokesperson Wang Wenbin announced on Thursday.
Li’s visit is at the invitation of German Chancellor Olaf Scholz and the French government, Wang told a daily press briefing. ■