Connect with us

China

တရုတ်နိုင်ငံက ဂြိုဟ်တု ၄၁ စင်းကို ဒုံးပျံတစ်ခုတည်းဖြင့် တစ်ပြိုင်နက်တည်း စံချိန်တင်လွှတ်တင်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၄၁ စင်းပါဝင်သည့် Long March-2D ဒုံးပျံအား ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဂြိုဟ်တု ၄၁ စင်းကို ဒုံးပျံတစ်ခုတည်းဖြင့် ဇွန် ၁၅ ရက်က ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ခဲ့သည်။ ၎င်းမှာ ပြည်တွင်း၌ တစ်ကြိမ်တည်း ဂြိုဟ်တုအများဆုံး လွှတ်တင်မှု စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံ မြောက်ပိုင်း ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁:၃၀ နာရီက လွှတ်တင်ခဲ့ပြီး မကြာမီ Jilin-1 Gaofen 06A အပါအဝင် ဂြိုဟ်တုများကို သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပို့ဆောင်ခဲ့သည်။

၎င်းဂြိုဟ်တုများကို စီးပွားရေးလုပ်ငန်းသုံး အဝေးထိန်းအာရုံခံစနစ်ဝန်ဆောင်များနှင့် ဆက်စပ်သော နည်းပညာ အကဲဖြတ်မှုများအတွက် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ် လွှတ်တင်မှုသည် Long March စီးရီးဒုံးပျံ၏ ၄၇၆ ကြိမ်မြောက် လွှတ်တင်ခြင်းလည်း ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၄၁ စင်းပါဝင်သည့် Long March-2D ဒုံးပျံအား ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၄၁ စင်းပါဝင်သည့် Long March-2D ဒုံးပျံအား ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၄၁ စင်းပါဝင်သည့် Long March-2D ဒုံးပျံအား ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၄၁ စင်းပါဝင်သည့် Long March-2D ဒုံးပျံအား ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
China launches record-setting 41 satellites on single rocket
TAIYUAN, June 15 (Xinhua) — China launched a Long March-2D rocket to place 41 satellites in orbit on Thursday, setting a domestic record for the most satellites lifted in one go.
The rocket blasted off at 1:30 p.m. (Beijing Time) at the Taiyuan Satellite Launch Center in northern China and soon took the satellites, including the Jilin-1 Gaofen 06A, into preset orbit.
These satellites will be used for commercial remote sensing services and verification of related technologies, said the launch site.
This was the 476th flight mission of the Long March rocket series.
Photo 1-5: Long March-2D rocket carrying 41 satellites blasts off from the Taiyuan Satellite Launch Center in north China’s Shanxi Province June 15, 2023. (Photo by Zheng Bin/Xinhua)